ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) ကြိမ် မြောက်အစည်းအဝေးကို ဇန်နဝါရီလ(၂၅)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့၊ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများ ရှိတဲ့ အပြင် ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသား ရိုးရာဓလေ့များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်းရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေစီးဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်လုပ်ငန်း၊ ဒေသ ဧည့်လမ်းညွှန်နဲ့အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဝင်ငွေစီးဆင်းသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင်ခရီးသွားလုပ်ငန်းဟာ မြို့ပြဒေသသာမက၊ ကျေးလက်ဒေသတွေ မှာပါ ကျွမ်းကျင်တဲ့အလုပ်သမားအတွက်ရော၊ ကျွမ်းကျင်မှုနည်းတဲ့အလုပ်သမားအတွက်ပါ အလုပ်အကိုင်ဖန်တီးပေးနေတာမို့ တိုင်းဒေသကြီးကလည်း ဧရိယာကျယ်ဝန်းတာဖြစ်လို့ ခရီးသွားလုပ်ငန်းကို တိုးတက်ဖို့ကိုတက်နိုင်သမျှ အချိုးညီညီ ဒေသအလိုက်တာဝန်ရှိသူများ၊ ဒေသခံများနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးမှခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဖြည့်စွက်လမ်းညွှန်မှာကြားချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ပေးထားမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေများနှင့် ဇန်နဝါရီလအတွင်း ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်းထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက်လည်ပတ်မှုအခြေအနေနှင့် ဟိုတယ်မိုး လုပ်ငန်းလိုင်စင်သက်တမ်း တိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၁-၂၀၂၂ ခုနှစ်၊ စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးပြီးစီးရေး လုပ်ငန်းညှိနိုုင်းအစည်းအဝေးကို ဇန်နဝါရီလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး / ခရိုင်အဆင့် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးအားဖြင့် အရေးပါတဲ့ တိုင်းဒေသကြီး ဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုကောင်းမွန်သည့်အတွက် စပါးစိုက်ပျိုးရေးအားကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ နွေစပါးစိုက်ပျိုးမှုမှာ ဆည်ရေရရှိ မှုကို အဓိကအားထားကာ မှီခိုစိုက်ပျိုးရတာကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်နွေစပါး နှင့်အခြားသီးနှံ စိုက်ပျိုးရန်အတွက် ရေပေးဝေမည့်သဖန်းဆိပ် ရေလှောင်တမံတွင် ပြည့်စုံသည့် ရေဧရိယာပမဏ သိုလှောင်ထားပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ် သည့်ပြင်ဆင်မှုများကို အချိန်မီဆောင်ရွက်ထားကာ မျိုးကောင်းမျိုးသန့်များကို နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရန်ရာတွင် အထွက် နှုန်းတိုးရေးအတွက် နိုင်ငံတော်မှ ဓာတ်မြေသြဇာကို သက်သာသောနှုန်းဖြင့် ထောက်ပံ့ပေး ထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီမှာ နွေစပါးလျာထား ဧက စုစုပေါင်း - ၃၄၇၂၀၀ (သုံးသိန်းလေးသောင်းခုနှစ်ထောင်နှစ်ရာ) ဧက လျာထားပြီး နွေအခြားသီးနှံလျာထားဧက - ၇၉၁၃၀ (ခုနှစ်သောင်းကိုးထောင့် တစ်ရာ သုံးဆယ်)ဧက၊ စိုက်ပျိုးမှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ အရင်းအမြစ်များနဲ့ တိုင်းဒေသကြီး ကောင်းကျိုးအတွက် ကြိုးစားလုပ်ဆောင်လိုသော စေတနာတို့ပေါင်းစပ်ကာ ရာခိုင်နှုန်းပြည့် စိုက်ပျိုး ပြီးစီးအောင် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းလွင်က နွေစပါးနှင့်အခြားသီးနှံ လျာထားစိုက်ပျိုးမည့် အစီအစဉ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးစောသက်ခိုင်ဝင်းမှ စိုက်ပျိုးရေပေးဝေရေးအတွက် လုပ်အားလိုအပ်မှု အခြေအနေများကို လည်းကောင်း၊ ရွှေဘိုနှင့်ရေဦးခရိုင်တို့မှ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ လက်ထောက်ညွှန်ကြားရေးမှူးများက သဖန်းဆိပ် ဆည်ရေသိုလှောင်ထားမှုနှင့် ဆည်ရေပေးဝေမည့် အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်မှ မြစ်ရေတင်များမှ မြစ်ရေတင်နှင့်စက်ရေတွင်းများ ရေပေးဝေမည့် အစီအစဉ်များအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကိုကိုက ထွန်ယက်ရေးနှင့် ကောက်စိုက်စက်များဖြင့် စီမံဆောင်ရွက်ပေးမည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဝင်းလိူင်ဦးက နွေစပါးနှင့် အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက် ထားရှိမှုများအား လည်းကောင်း၊ ရွှေဘိုနှင့်စစ်ကိုင်းခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Videoconferencing စနစ်ဖြင့် လည်းကောင်း၊ ကန့်ဘလူနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က နွေစပါးနှင့်အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးပြီးစီးရေး ဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး တို့က တိုင်းဒေ သကြီးအတွင်း နွေစပါးနှင့်အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူ များမှ အထွေထွေဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

 


ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက် နံနက်ပိုင်းတွင် မုံရွာမြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ Mini Budget ဖြင့် ဆောင်ရွက်လျက်ရှိသော မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စွယ်တော်လမ်း၊ အရှည် - ၂၅၀၀ ပေအား၊ အကျယ် - ၁၈ ပေအား နိုင်လွန်ကတ္တရာ ၃ လက်မခွဲထု ခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်၊ စိန်ပန်းပြာလမ်း အရှည် - ၂၅၅၀ ပေနှင့် စိန်ပန်းဝါလမ်း အရှည် - ၂၆၀၀ ပေအား နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အိုးဘို တောင်ရပ်ကွက်ရှိ စိန်ပန်းနီလမ်း အရှည် - ၉၇၀ ပေအား အကျယ် - ၁၈ ပေ ကတ္တရာ လမ်းခင်းကျင်းနေမှု၊ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများရှင်းလင်းနေမှု၊ ရေနုတ်မြောင်းများတူးဖော်ပေးနေမှုနှင့် ထင်းရှုးလမ်း အရှည် - ၉၇၀ ပေအား ကတ္တရာလမ်းခင်းရန် လမ်းပြင်ဆင်နေမှုများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကတ္တရာလမ်းခင်းနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လမ်းများအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

ဇန်နဝါရီ ၂၁

          စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂)ကို ဇန်နဝါရီလ(၂၀)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ  တာဝန်ရှိသူများမှ Phase 6 ကာကွယ် ဆေးများကို ရည်မှန်းချက်ထားရှိပြီး လျာထားချက်များအတိုင်း ပြည့်မီအောင် ထိုးနှံနိုင်ရေး အတွက် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုအပ်ချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည် ဖြစ် ပါကြောင်း၊ ၁ လအတွင်း ထိုးနှံရမည့် ကာကွယ်ဆေးများကို သက်မှတ်ရာနှုန်းပြည့် ထိုးနှံနိုင်ရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြေင်း၊  ကာကွယ်ဆေးများအား ထိုးနှုန်းမြင့်မားကာ ထိုးနှံနိုင်သည့်နေရာများသို့ ပို့ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးများအား ခွဲဝေဖြန့်ဖြူးပေးရာတွင် စာရင်းများစနစ်တကျ ရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံ သည့်နေရာများတွင်လည်း လုံခြုံရေးပေါ့ဆမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုပါ ကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ် ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံး စွဲမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေး နွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၄)တပ်မတော်ဆေးရုံ ကုတင်-၃၀၀ သို့ရောက် ရှိကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့်  တာဝန်ရှိသူများက ဆေးကုသမှုခံယူ နေကြသူများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာ များအား အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါနသန္တိသုတ်တော်နှင့် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၉)ရက်၊ နံနက်(၁၀) နာရီအချိန်တွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး သာသနာ့ဗိမ္မာန်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒစရိယ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ် တရားတော်များ ချီးမြင့်ကာ မုံရွာမြို့၊ သာဇံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသြသဓမှ အနုမောဒနာဂါထာ ဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်သူများက ဆရာတော်ကြီးများနှင့် ပဌာနဘာဏက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်ပြီး မုံရွာမြို့၊ သာဇံကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တအာစာရမှ ပဌာန်းတရားနာယူလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့ကို ပို့ဆောင်၍ ဆရာတော်၊သံဃာတော်များ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သတ်များက ပဌာန်းသိမ်းအောင်ပွဲအား ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပသော (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးလူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီများအလိုက် လုပ်ငန်းများကြိုတင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ဆက်လက်၍ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ပြသမည့် အလှပြယာဉ်(၃)စီး ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများအား စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့် ပညာရှင်များက ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အလှပြယာဉ်(၃)စီး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည်  ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသော ၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကိုယ် ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) (၁)ဦးချင်း၊ (၃)ယောက်တွဲနှင့် (၅)ယောက်တွဲ ပြိုင်ပွဲများတွင်ဆုရရှိကြသော အားကစားသမားများက သရုပ်ပြသမှုအားကြည့်ရှုအားပေး ကြသည်။ယင်းနောက် ဆုချီးမြင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက (၁)ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က (၃)ယောက်တွဲပြိုင်ပွဲတတိယဆုရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၃)သောင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက (၃)ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၅)သောင်းအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သောင်းအား အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက (၅)ယောက်တွဲပြိုင်ပွဲ တတိယဆုရရှိသော ကန့်ဘလူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅)သောင်းအား လည်းကောင်း၊ တိုင်းဒေသကြီးလူမူရေးရာဝန်ကြီးဦးအေးလိူင်က (၅)ယောက်တွဲပြိုင်ပွဲဒုတိယဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၁)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက (၅)ယောက်တွဲပြိုင်ပွဲပထမဆုရရှိသော ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁၅၀၀၀၀-တစ်သိန်းငါးသောင်း)အား အသီးသီးပေးအပ်ချီးမြင့်ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တံခွန်စိုက်ဆုရရှိသော   ရွှေဘိုခရိုင်အား ငွေသားဆုကျပ်(၅)သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြင့်ကာ တာဝန်ရှိသူများနှင့်အတူ ဆုရအားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

မုံရွာ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါ လျှက် ဇန်နဝါရီလ(၁၇)ရက်၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့သို့ ရောက်ရှိရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိ ခန်းမတွင်ကျင်းပသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျှက်ရှိမှု အခြေအနေများအား ရှင်းလင်းပြော ကြားခဲ့သည်။

 ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ကလေးခရိုင်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက် ပေးလျှက်ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက် ပေးနေမှုနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားပြီး ကလေးခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌက ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းနှင့် စားသောက်ဖွယ် ရာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံသို့ လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ အတွက် ငွေကျပ်-၅သိန်းအား မြို့နယ်ရဲမှူးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးအေးလိူင်က ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်း ဆောင်နေကြသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများနှင့် လူနာများအတွက် ငွေကျပ်-၅ သိန်းနှင့် စားသောက်ဖွယ်ရာများအား အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မင်းကင်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက “ပန်းခင်း” စီးမံချက်အရ ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံသို့ လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် ငွေကျပ်-၅သိန်းအား မြို့နယ်ရဲမှူးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးအေးလိူင်က မင်းကင်းမြို့၊ ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများနှင့် လူနာများအတွက် ငွေကျပ်-၅ သိန်းနှင့် စားသောက်ဖွယ်ရာများ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မင်းကင်းမြို့၊ စစ်တောင်တောရ ရိပ်သာကျောင်းတိုက် ဆရာတော်ကြီးထံ ပဇ္ဇောတာရုံ ကျောင်းတိုက်၊ ကန်တော်ပရိယတ္တိစာသင်တိုက်၊ ချမ်းမြေ့စည်ကျောင်းတိုက်၊ မဟာမင်း ကျောင်းဘုန်းတော်ကြီး ကျောင်းတိုက်များအတွက် လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန် တော်နှင့် ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မင်းကင်းပြည်သူ့ဆေးရုံတွင် ဒေသ ခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား လှည့်လည် ကြည့်ရှုအားပေးကာ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

သတင်း အချက်အလက်