မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Terrain Co,Ldt တို့အကြား ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု၊ ခမိုးကျေးရွာအနီး ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ (၃၁.၅၄)ဧကအား B.O.T စနစ်ဖြင့် ဇလုံတောင်ခမိုးယာဉ်ရပ်နား စခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို မတ်လ(၄)ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေမှူးနှင့် Terrain Co,Ldt မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခဲ့ပြီး ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဇုန်(၅)ခုသတ်မှတ်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကသာခရီးသွားဇုန်အတွင်းရှိ ဇလုံတောင်ဒေသနှင့် ဇလုံတောင်ဘုရားသည် တန်ခိုးကြီးမားပြီး ဇလုံတောင်သို့ နှစ်စဉ်ခရီးသွားပြည်သူ (၅)သိန်းကျော် လာရောက်မှုရှိပြီး နှစ်စဉ်ခရီးသွား ဦးရေ တိုးတက်စည်ကားလျက်ရှိရာ ဘုရားဖူးများ ရာသီမရွေး သွားလာနိုင်ရေးအတွက် လည်းကောင်း၊ တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့လာစေရေးအတွက် လည်းကောင်း၊ ဘုရားဖူးကုသိုလ်ယူရင်းဖြင့် မြန်မာ့ရေမြေတောတောင် သဘာဝအလှကိုခံစားနိုင်ရန် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အနီးအနားမှ ဒေသခံကျေးရွာများရှိ ပြည်သူလူထုများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ စီမံကိန်း ချမှတ်အကေင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်း၊ ဗန်းမောက်ဒေသသာမက ကသာနှင့်အင်းတော်မြို့များပါ တပါတည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မည့် Terrain Co,Ldt အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်၊ သတ်မှတ်အချိန်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်မှုကိုလည်း တိုးတက်မှုအခြေအနေများအား အချိန်နှင့် တပြေးညီ တင်ပြသွားရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် Terrain Co,Ldt မှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Terrain Co,Ldt တို့ လုပ်ငန်းအပ်နှံသည့် သဘောတူစာချုပ်အား တာဝန်ရှိသူများက စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု၊ ခမိုးကျေးရွာအနီး ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ (၃၁.၅၄)ဧကအား B.O.T စနစ်ဖြင့် ဇလုံတောင်ခမိုးယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း မြေ(၂၃.၃၁)ဧက၊ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း မြေ(၁၀.၂၃)ဧကတွင် တည်းခိုခန်း(၁၆၀)ခန်း၊ ဒေသထွက်ပစ္စည်း ရောင်းချ မည့်ဈေးဆိုင်ခန်းများ၊ ကားဂိတ်များ၊ သံဃာတော်များအတွက် သီးခြားအဆောင်များ၊ သစ်ခွပန်း ပျိုးဥယျာဉ်များအပြင် အဆင့်မြှင့်ဟိုတယ် ဝန်ဆောင်မှုများ၊ လူပုဂ္ဂိုလ်မရွေး သံဃာတော်များပါ စိတ်ချမ်းချမ်းသာသာဖြင့် ဘုရားဖူးနိုင်ရုံမက ဒေသထွက်ရိုးရာအမှတ်တရ ပစ္စည်းများလည်း ဝယ်ယူနိုင်မှာဖြစ်ကြောင်း သတင်းရရှိသည်။

 

မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ(၄)ရက်၊ နံနက် (၉)နာရီ အချိန်တွင် မုံရွာပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ ပဌ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အခြေခံ ပညာကျောင်းများမှာ ဆရာ၊ကျောင်းသားအချိုး ကောင်းမွန်တိုးတက်ရေးနှင့် ဆရာ၊ဆရာမများရဲ့ သင်ကြားမှုအရည်အသွေး ပြည့်ဝစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အရည်အသွေးပြည့်ဝတဲ့ ဆရာတစ်ဦးဖြစ်ဖို့အတွက် ဆရာအတက် ပညာဆိုင်ရာ အသိပညာ၊ အတက်ပညာများရရှိဖို့နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်စေရန် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သင်ရိုးသစ်များကို ထိရောက်စွာ အကောင်အထည်ဖော် သင်ကြားလေ့ကျင့်ပေးနိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ ဆရာ၊ဆရာမများအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ ကလေးများကိုပြုစုပျိုးထောင်ပေးရုံ သာမက ရပ်ရွာလူထုကိုပါ အသိပညာပေး ဦးဆောင်နိုင်စွမ်း ရှိရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးမှာ စိတ်ဓာတ်ကောင်းမွန်ပြီး၊ စည်းကမ်းလိုက်နာတဲ့ အသိပညာ၊ အတတ်ပညာ များပြည့်ဝတဲ့ နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် မိမိတို့ဆရာ၊ဆရာမများရဲ့ အခန်း ကဏ္ဍမှာလည်း အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မူလတန်းဆရာအတတ် ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်း လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက် လံနုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၄၇)ဦး၊ သင်တန်းသူ (၉၀)ဦး စုစုပေါင်း (၁၃၇)ဦး၊ ချင်းပြည်နယ်မှ သင်တန်းသား(၃) ဦး၊ သင်တန်းသူ (၁၉)ဦး စုစုပေါင်း (၂၂)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အလားတူ သင်တန်းဆင်းပွဲများကို စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား၊ သင်တန်းသူ (၅၁)ဦး၊ ကသာပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် သင်တန်းသား၊ သင်တန်းသူ (၂၃၈)ဦး သင်တန်းဆင်းခဲ့ကာ ၎င်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၇၁၄၀၀၀၀- ခုနှစ်ဆယ့်တစ်သိန်းလေးသောင်း)ကျပ်အား ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မတ်လ (၃)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပသော ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲ စဉ်အဖြစ် ခန္တီးခရိုင်ဘောလုံးအသင်းနှင့် ကသာခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ခန္တီးခရိုင်အသင်းမှ ကသာခရိုင်အသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထဆုရရှိသော ခန္တီးခရိုင်အသင်းအား ဆုငွေကျပ်(၁၀)သိန်းနှင့် တံခွန် စိုက်ဆုအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပထမဆုရရှိသော ခန္တီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ဒုတိယဆု ရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့က ပူးတွဲတတိယဆုရရှိသော မုံရွာခရိုင်အသင်းနှင့် ရွှေဘိုခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသ ကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အသန့်ရှင်းဆုံးဆုရရှိသော ကန့်ဘလူခရိုင် အသင်းအား ဆုတံ ဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က နေရာအလိုက်အကောင်းဆုံး အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်းအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုရရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

 

 

မတ် ၃

          စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၂၂)ကို မတ်လ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဧပြီလ အကုန်တွင် ကာကွယ်ဆေးထိုးနှံပေးရမည့် လျာထားချက်အရေအတွက်အား ပြည့်မီစွာထိုးနှံနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးမှပူးပေါင်း၍  ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဆေးထိုးနှံနိုင် သည့်နေရာများသို့ ဆေးများအချိန်မီရောက်ရှိရေးနှင့် လေလွင့်ပျက်စီးမှုမရှိရေးကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရည်မှန်းချက် ရည်ရွယ်ချက်ကောင်းဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Quarantin Center ၊ Positive Center များအား လိုအပ်ချက်မရှိအောင် စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို အသိစိတ်ဓာတ် ကိုယ်စီ ဖြင့် လိုက်နာနေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးမှုများကို ပြည်သူအားလုံးသိရှိလိုက်နာ ဆောင်ရွက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရောဂါပိုးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို တာဝန်ရှိသူများအနေဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ထိန်းချုပ်မှုများကိုလည်း တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းကာ အသိတရားဖြင့်လိုက်နာသွားကြရန် ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက် ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများတွင် ကျန်းမာရေး စစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ Quarantin Centerနှင့် Positive Center ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများ အသိနှင့် သတိရှိရေးအတွက် အသိပညာပေးရေးနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။


မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်း အနားကို မတ်လ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှ တောင်သူလယ်သမား နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်သူများက သဝဏ် လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် ဖေဖော်ဝါရီလ (၂၇)ရက် နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ မဟာဝံသကျောင်းတိုက်၊ ဇမ္ဗူထိန်လင်းကျောင်းတိုက်၊ ဓမ္မပါလကျောင်းတိုက်၊ ဘုန်းစိုးကျောင်းတိုက် များရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက်  မုံရွာမြို့၊ သလ္လာရပ်ကွက် ရှိ၊ ကြိုးကြာကန်ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လိုအပ် သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာ မြို့ရှိ ကန်သာယာကျွန်း၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးသို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ဘုရားရင်ပြင်နေပူခံ ကျောက်ပြား ခင်းခြင်းနှင့် ရွှေကရဝိတ်ဖောင်တော် အမိုးနှင့်ပန်းဆွဲများ ပြုပြင်နေမှုများ၊ ကန်သာယာကျွန်း ပတ်လည်စတီးလက်ရန်းတပ်ဆင်ရန်နှင့် မြေထိန်းအာစီ ကျောက်ထုတ်လောင်းခြင်း လုပ်ငန်း များဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဘုရားရင်ပြင်နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်များအား လည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်ကြီးအား လှည့်လည်ကြည့်ရှု ကြည်ညိုခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စေတီတော်ကြီး ရောင်တော်ဖွင့်ရန်အတွက် အလှူငွေကျပ်- ၁၀ တစ်ဆယ်သိန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့မှ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါတ်တာသူရဦးထံ လှူဒါန်းခဲ့သည်

ဆက်လက်၍ မုံရွာတက္ကသိုလ် မော်ကွန်းပြတိုက်သို့ သွားရောက်၍ ပြတိုက်အတွင်း၌ တိုင်းဒေသကြီးအတွင်းမှ လှူဒါန်းမှုနှင့် စုဆောင်းမှုတို့မှရရှိသည့် ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းထားရှိရန်အတွက် ပြင်ဆင်ဆောင်ရွက် နေမှုများ အား ကြည့်ရှုစစ်ဆေးကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မပျက်စီး မပျောက်ပျက်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားရေး အတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၇/၂၀၂၂)ကို ဖေဖော်ဝါရီလ(၂၄)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဇန်နဝါရီ စတုတ္တပတ်မှ စတင ၍ ကလေးမြို့နှင့် တမူးမြို့တို့တွင် အစုလိုက်ရောဂါကူးစက်မှုများ တွေ့ရှိခဲ့ပြီး ယခုအခါ ကူးစက်မှုများလျော့ကျလာပြီဖြစ်သော်လည်း ကူးစက်မှုများ ဆက်လက်လျော့ကျရေးအတွက် ကာကွယ်မှုနှင့်ထိန်းချုပ်မှုများကို ပိုမိုစီမံလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း လိုအပ်သည့်ကုသမှုများ အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊

စစ်ဆေးမှုနှင့် ဆေးထိုးနှံခြင်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူအများနှင့် ကျင်းပပြုလုပ်ရသည့် အခမ်းအနားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ပြုလုပ်လို ပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် ကာကွယ်ထိန်းချုပ်မှုများကိုလည်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ အသိတရားဖြင့် စတုတ္တလိူင်းတွင် ဖြစ်ပေါ်နေသော အိုမီခရွန်ရောဂါအား တွန်းလှန်တိုက် ဖျက်သွားကြရန် ပြောကြားခဲ့သည်။
 
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင်ကာ ကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများ တွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ Quarantin Center နှင့် Positive Center ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများအသိနှင့် သတိရှိရေးအတွက် အသိပညာပေးရေးနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

သတင်း အချက်အလက်