စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားတက်ရောက်
မုံရွာ မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို မတ်လ(၂၉)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေကြတဲ့ စေတနာ့ဝန်ထမ်းများရဲ့ စွမ်းဆောင်မှုဟာ လေးစားစရာကောင်းတဲ့ စွမ်းဆောင်မှုတွေပဲ ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းသလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဆောင်ရွက် ပေးနေကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများမှာ စွမ်းဆောင်ပေးကြတာကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်း၊ Volunteer များ ခရီးသွားလာရေးလွယ်ကူစေရန် Volunteer Name Card များကို ထုတ်ပေးထားပါကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း စေတနာ့ဝန်ထမ်းများ၏ “ကိုယ်ကျိုးမဖတ် တိုင်းပြည်အတွက်”ဆိုတဲ့ စိတ်ဓာတ်ကို အရင်းခံကာ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အတွက် စက်သုံးဆီ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် စားစရိတ်များကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းများကလည်း တစ်နိုင်ငံလုံးကျန်းမာပြီး ရောဂါအပြင်းအထန်ဖြစ်ပွားမှုကို လျော့နည်းစေမည့် နည်းလမ်းဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်များမှာ ပိုမိုပါဝင်ကူညီ အားဖြည့်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုများကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ရွှေဘိုခရိုင်နှင့်ကန့်ဘလူခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ယင်းမာပင်ခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း အသီးသီးပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက စစ်ကိုင်းခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကလေးခရိုင်နှင့် တမူးခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်း ကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက ကသာခရိုင်၊ ကောလင်းခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မော်လိုက်ခရိုင်ခရိုင်၊ ခန္တီးခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများကိုယ်စား မုံရွာမြို့၊ ဂရုဏာမြင်းမိုရ် လူမူကူညီရေးအသင်းမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာ့ဝန်ထမ်း၊ လူမူရေးအသင်းအဖွဲ့ အစည်းများနှင့် Volunteer များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။