မုံရွာ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် နိုဝင်ဘာလ(၂၇)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့်ရရှိရေးများ ဆောင်ရွက်နေမှု၊ ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်း၊ ကတ္တရာ လမ်းများခင်းကျင်းနေမှု လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာအရှေ့ဘက်ကန်ရှိ ပြည်ထောင်စုကျွန်းတွင် အပန်းဖြေလာရောက်ကြမည့် ပြည်သူများ များအတွက် ကျန်းမာရေးနှင့်သန့်ရှင်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ ကန်ဘောင်ပတ်လမ်းနှင့် ကန်အတွင်းသန့်ရှင်းသက်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကန်သာယာအနောက်ဘက်ကန်အတွင်း သန့်ရှင်း သပ်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းရုံးခန်းတွင် ဆရာ၊ဆရာမ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ဆရာ၊ဆရာမများ နေထိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး အခြေ အနေများနှင့် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆရာ၊ဆရာများအတွက် ငွေကျပ်(၅) သိန်းနှင့် ကျောင်းသား၊ကျောင်းသူများအတွက် နှာခေါင်းစည်း Mark ၁၀၀၀ (တစ်ထောင်)ခုအား ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအား ပေးပြီး ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်ကာ ကျောင်းခန်းမဆောင် အဆောက် အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆူးလေကုန်း ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူ များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ဆရာ၊ဆရာများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆရာ၊ဆရာ များက ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းအတွက်လိုအပ်ချက်များကို အသီးသီး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆရာ၊ဆရာများအတွက် ငွေကျပ်(၅) သိန်းနှင့် ကျောင်းသား၊ကျောင်းသူများအတွက် နှာခေါင်းစည်း Mark ၁၀၀၀ (တစ်ထောင်)ခုအား ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
မုံရွာ နိုဝင်ဘာ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင် တန်းအမှတ်စဉ် ( ၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၆)ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင်“ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာတာနှင့်အမျှ ပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်မှာပဲ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းများကိုဆောင်ရွက်ရာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ သင်တန်း ဟာ ဝန်ထမ်းများအတွက် အမှန်တကယ်ထိရောက်အကျိုးရှိတဲ့ သင်တန်းဖြစ်မယ်ဆိုတာ ယုံကြည်ပါ ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မွှင့်တင်ခြင်းသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို သိရှိနားလည်ပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါကြောင်း ” ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွဲ့လိုက်စာတမ်းပြုစုခြင်းတွင် ပထမ၊ ဒုတိယဆုရရှိကြသော အဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များအား ပေးအပ်ချီးမွမ်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား ထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား၊သင်တန်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမွမ်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မွှင့်တင် ခြင်း သင်တန်းအမှတ်စဉ် ( ၁/၂၀၂၁) သင်တန်းကို နိုဝင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက် နေ့အထိ သင်တန်းကာလ(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသို့ ဒုတိယဦးစီးမှူး(၁၆)ဦး၊ ဒုတိယလက်ထောက်ဦးစီးမှူး(၅)ဦး၊ စာရေး(၃)ဦး၊ စာရင်းကိုင်(၁)ဦး စုစုပေါင်း သင်တန်းသား၊ သင် တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ရာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများရှိတဲ့အပြင် ပြည်ပခရီးသွားများပါ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသားရိုးရာဓလေ့များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်း ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေစီးဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် အခြားဆက်စပ်လုပ်ငန်းများပါ ဝင်ငွေ စီးဆင်းရရှိသွားတာကို မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဒေသတစ်ခုကိုခရီးသွားများ ရောက်ရှိလာတဲ့အခါမှာ စိတ်ပျော်ရွှင်လန်းဆန်းနိုင်ဖို့ မြို့ရွာဒေသ အလိုက် မြို့သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကို အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများနှင့် လေ့လာလည်ပတ်စရာနေရာများ ပြန်လည် ဖွင့်လှစ် ထားပြီဖြစ်လို့ ပြည်တွင်းခရီးသွား များလည်းနေ့စဉ်နှင့် အားလပ်ရက်များမှာ လာရောက်လည်ပတ် နေကြောင်းသိရှိရလို့ ဝမ်းသာ မိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေ သကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်နေရာများ ရည်ရှည်တည်တံ့ရေး၊ ခရီးစဉ် ဒေသစီမံခန့်ခွဲရေး ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ခရီးသွားဝင်ရောက်မှု အခြေအနေနှင့် ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မုံရွာ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် တန်ဘိုးမြင့်စားသောက် ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၃၀)ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဦးဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
မုံရွာ နိုဝင်ဘာ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်များ အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်များမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် မုံရွာမြို့နယ် အမျိုးသား ပိုက်ကျော်ခြင်းအသင်းနှင့် စစ်ကိုင်းမြို့နယ် အမျိုးသား ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ စစ်ကိုင်းမြို့နယ်အသင်းမှ မုံရွာမြို့နယ်အသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမွှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသားပိုက်ကျော်ခြင်း (၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ဘုတလင် မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၅ သိန်းနှင့် ဒိုင်းဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော မုံရွာ မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၇ သိန်းနှင့် ဒိုင်းဆုအား လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်းမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီး မြင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း ပိုက်ကျော် ခြင်းပြိုင်ပွဲအား နိုဝင်ဘာလ(၂၃)ရက်မှ နိုဝင်ဘာလ(၂၆)ရက်နေ့ထိ ကျင်းပခဲ့ရာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃၀)မြို့နယ်မှ အားကစားသမား စုစုပေါင်း (၁၅၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြောင်း သတင်းရရှိသည်။
မုံရွာ နိုဝင်ဘာ၂၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ပူးပေါင်း၍ စစ်ကိုင်းမြို့အတွင်း ဆွမ်းကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂၁)ရက် ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ ထူပါရုံရွှေကျောင်းရှိ ရတနာဓမ္မာရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်းများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး စစ်ကိုင်းမြို့၊ ရတနင်္ကရကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ ဒေါက်တာဘဒ္ဒန္တ ကုဏ္ဍလ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြည်ညိုပြီး တာဝန်ရှိသူများနှင့်အတူ ဆရာ တော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများအသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စစ်ကိုင်းမြို့၊ ဇီနောဒယပရိယတ္တိစာသင်တိုက်၏ ပဗာနနာယက၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကာရုဏိက ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု “ သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းမြို့အတွင်း ဆွမ်းကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ဘုန်း တော်ကြီးကျောင်းတိုက် (၃၆)တိုက်၊ သီလရှင်ကျောင်း (၁၅)ကျောင်းအတွက် ၁၆၄.၁၇ အိတ်၊ ဆီ ၄၁၄ ပိဿ၊ ပဲ - ၄၁၄ ပြည်၊ ဆား - ၁၀၃.၅ ပိဿ စုစုပေါင်းကာလတန်ဖိုးငွေကျပ် - ၁၂၅၉၆၉၀၀ (တစ်ရာနှစ်ဆယ့်ငါးသိန်းကိုးသောင်းခြောက်ထောင်ကိုးရာ)ကျပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပရိယတ္တိဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၁၀ ပြည် အိတ် - ၉၅ အိတ်၊ ၈ ပြည်အိတ် - ၂၀၂ အိတ်၊ ဆီ - ၂၉၇ ပိဿ၊ ပဲ - ၂၉၇ ပြည်၊ ဆား - ၂၉၇ ပိဿ ကာလတန်ဖိုးငွေကျပ် - ၈၃၉၃၉၈၀ (ရှစ်ဆယ့်သုံးသိန်းကိုးသောင်းသုံးထောင်ကိုးရာရှစ်ဆယ်)ကျပ် တို့ အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နိုဝင် ဘာလ (၂၂)ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ စက်မှုဇုန်အစည်းအဝေးခန်းမတွင် ကျင်းပသော စက်မှု ဇုန်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။
ယင်းနောက် စစ်ကိုင်းစက်မှုဇုန်ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကိုကိုမြင့်နှင့် ကော်မတီအဖွဲ့ ဝင်များက စစ်ကိုင်းစက်မှုဇုန် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ သောက်သုံးရေရရှိမှု၊ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြု တင်ပြ ကြကာ တိုင်းသေကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း စက်မှုဇုန်ရှိ Blue Bird ပလပ်စတစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံပိုင်ရှင်မှ လူသုံးကုန် ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်နေမှုများအား လှည့်လည်ပြသရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟွန်ဒါမြန်မာ သစ်ပါးလွှာထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ အဆိုပါစက်ရုံပိုင်ရှင်မှ သစ်ပါးလွှာထုတ်လုပ် နေမှုအဆင့်ဆင့်နှင့် သစ်အချောထည် ထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂရိတ်ယူနတီကုမ္ပဏီ လိမီတက် ဓါတ်မြေသြဇာစက်ရုံသို့ ရောက်ရှိရာ အဆိုပါစက်ရုံပိုင်ရှင်မှ ဓါတ်မြေသြဇာစက်ရုံ လည်ပတ်ထုတ်လုပ်နေမှုနှင့် ထွက်ရှိလာသည့်ဓါတ်မြေသြဇာများ၏ အရည်အသွေးစစ်ဆေး ကြီးကြပ်မှု အခြေအနေများအား လှည့်လည်ပြသရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။