၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့ရှိ ဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက် ကပ်လှူဒါန်း၊ ကန့်ဘလူမြို့နယ်အတွင်း ပညာရေးနှင့်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ လိုက်လံကြည့်ရှု
မုံရွာ၊ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ၂၉ ရက်၊ နံနက်ပိုင်း တွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်ကြီးများထံဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ များလျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့မဈေးကြီးသို့ ရောက်ရှိရာ ဈေးကြီးအတွင်းရှိ အဝတ်အထည်ဆိုင်များ၊ လူသုံးကုန် ပစ္စည်းများ၊ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များ အေးချမ်းတည်ငြိမ်စွာဖြင့် ရောင်းဝယ်ဖောက်ကားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဈေးရောင်းချနေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဈေးကြီးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာ ကောင်း မွန်စေရေး၊ ဈေးဆိုင်ခန်းများနှင့်ဈေးရုံများ လုံခြုံစိတ်ချစွာဖြင့် ရောင်းဝယ်ဖောက် ကားမှုပြုလုပ်နိုင်ရန်စီမံထားရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများကို မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ တောက္ကရှပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)သို့ ရောက်ရှိရာ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာအဖွဲ့ လေ့ကျင့်တီးခတ်နေများအား ကြည့်ရှုအား ပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါကျောင်းရှိ သတ်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်ဘလူမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနီးတွေ့ဆုံခဲ့ ကြပြီး သင်ကြားရေးစီမံရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကျောင်းအုပ်ဆရာကြီးထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ နက်ပေးကျေးရွာရှိ တောင်သူ ဦးမိုးပေါက် စိုက်ပျိုးထားရှိသည့် အောင်နိုင်တိုးစပါးမျိုး ၃.၀၆ ဧကစိုက်ခင်းအတွင်း သမန်းနိုးခြင်းနှင့် သဘာဝမြေဩဇာရောနှောကြဲပတ်ခြင်း ကွင်း သရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံတောင်သူ များက ကွင်းသရုပ်ပြသမှုများအား ကြည့်ရှုအား ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် မိမိပိုင်မြေယာများကို မြေလွတ်မြေလပ်မကျန် စိုက်ပျိုးရေး၊ စိုက်ပျိုးရာတွင်လည်း ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးရေးနည်းလမ်း ၄ သွယ်အား အသုံးပြု၍ ကြိုးပမ်းဆောင် ရွက်ရေးနှင့် ဒေသအတွင်းစားရေရိက္ခာ ဖူလုံပြည့်ဝစေရေးအတွက် ရေရရှိမှုအပေါ်မူတည် ၍ တစ်နှစ်လျှင်နှစ်သီးစား၊ သုံးသီးစားအထိရရှိအောင် တိုးချဲ့စိုက်ပျိုးသွားကြရန် မှာကြား ကာ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းနှင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်း သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုသွားရောက်ကြည့်ရှု
မုံရွာ၊ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြဆရာ/ဆရာမများက သင်ကြားစီမံရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်မှုအခြေအနေများအား အသီး သီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ တက္က သိုလ်/ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားရေးအတွက် မိမိတိူ့တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အလေးထား ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအနေဖြင့်လည်း မိမိကျောင်း ပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်စေရေး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်း သား/ကျောင်းသူများအား အနာဂတ်တွင် လူတော်လူကောင်းများဖြစ်အောင် သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ သင်ကြားစီမံရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဖြည်းဆည်းဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြုချီး မြင့်ငွေကျပ် ( ၁၀ )သိန်းအား ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ညောင်အိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိရာ အစည်း အဝေးခန်းမတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများက သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ကျောင်း၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးတို့က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက် ပေနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက် ၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းအုပ်ဆရာမကြီးထံချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ သင်ထောက်ကူပစ္စည်းများနှင့် ပညာသင်ကြား နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ အစည်းအဝေးခန်းတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ ကျောင်း အုပ်ကြီးနှင့် ဆရာ/ဆရာမများက သင်ကြားစီမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျောင်း၏လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးတို့က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက် ပေနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက် ၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းအုပ်ဆရာမကြီးထံချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှု များအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



