slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကန့်ဘလူခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက ကန့်ဘလူမြို့ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကန့်ဘလူခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်း အနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဦးက ဒေသဆိုင်ရာအချက်အလက်များကို ရှင်လင်းတင်ပြပြီး မြို့မိမြို့ဖအဖွဲ့ဝင် ဦးနွေဦးက ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးရန်လိုအပ်မှု အခြေအနေများကို တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များအတွက် သက်ဆိုင်ရာဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိသလို ကန့်ဘလူခရိုင်အတွင်းမှာလည်း ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လာ မည့်ရွေးကောက်ပွဲတွင် ဆောင်ရွက်မည့်အခြေအနေမျာကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေ သကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်များ၊ မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၁၀ သိန်းစီ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုန်ဆက်ခဲ့ကြောင်း သိရသည်။

20250828 19

20250828 19

20250828 19

20250828 19

20250828 19

20250828 19

စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးငလျင်ဘေးပြန် လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း၊ သြဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီးအား ထုံးသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ‌‌ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော် နိုင်ရေးအတွက်လုပ်ငန်းများဆောင်ရွက်နေမှုတို့အားကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေ သည့် လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့်မဟာစေတီလှဘုရာကြီး အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက် လုပ်ငန်းများဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်ပြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅သို့ တက်ရောက်မည့်လူငယ်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ‌ရွှေမင်ဝံစျေး၊ စျေးဆိုင်ခန်းသစ်များ ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20250828 08

20250828 08

20250828 08

20250828 08

20250828 08

20250828 08

20250828 08

20250828 08

20250828 08

20250828 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.