slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခန္တီးမြို့ပေါ်ရှိမဲဆန္ဒရှင်ပြည်သူများဒုတိယအကြိမ် မဲစာရင်းကပ်ကြေညာထားရှိမှုများအား ကြည့်ရှု

မုံရွာ၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက် ကြည့်ရှုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မဲစာရင်းပါရှိစေရေး၊ မကျန်ရှိ စေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ် ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်း ရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ အခြေ ခံပညာအထက်တန်းကျောင်း၌ ပေါမိုင်းရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသားများနှင့်ပြည်သူ များ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန်အတွက် စမ်းသပ်သရုပ် ပြဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဲရုံမှူးနှင့်အဖွဲ့ဝင် များအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံစီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ခန္တီးမြို့နယ်၊ သာယာ ကုန်းကျေးရွာရှိ ခြံပိုင်ရှင် ဦးငြိမ်းအောင်သူ၏ ခြံလှောင်စနစ်ဖြင့် ကြက်မဲကောင်ရေ (၁၀၀၀)မွေးမြူထားရှိ သည့်မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံပိုင်ရှင်မှ ကြက်မဲမွေးမြူထား ရှိမှုများနှင့် ကြည်သားဖောက်လုပ်ငန်းများ ဆောင်ရွက်နေမှဒများအား လိုက်လံရှင်းလင်း ပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံစီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ခန္တီးမြို့၊ သာစည်ကျေး ရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးဘစိန် မွေးမြူထားရှိသည့် ဒေသနွားများနှင့် နို့စားနွားများ မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နေပြည်သူ များ သောက်သုံး ရေဖူလုံပြည့်ဝစေရေးအတွက် ဆိုလာစနစ်ဖြင့် စိမ့်စမ်းရေဂါလံ ၁၅၀၀၀၀ ဆံ့၊ ရေကန်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခန္တီးမြို့ ပေါ်ရှိရပ်ကွက်များသို့ သောက်သုံးရေးဖြန့်ဝေပေးနေမှု အခြေအနေများနှင့် စက်ရုံလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စိမ့်စမ်းရေသို လှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နားမေတ္တာ ရပ်ကွက်ရှိ မေတ္တာရေကန် ကန်ဟောင်းဆည်ခြင်း၊ ကန်သစ်တူးဖော်ဖြင်း၊ မြေသားတာ ဘောင်တင်ခြင်းနှင့် ရေပိုလွှဲမြှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဇီးဖြူကုန်းရပ်ကွက်ရှိ ရေဂါလံ ၅၀၀၀၀ ဆံ့ရေကန် ရေသိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြ ပြီး မြို့နေပြည်သူများအားလုံး ကျန်းမာရေးနှင့်ညီညွတ်သည့် သောက်သုံးရေသန့်များ လုံလောက်စွာ ရရှိရေးကို တာဝန်ရှိသူများအားလုံးမှ စေတနာထားကာ ကြိုးပမ်းဆောင် ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251205 01

20251205 01

20251205 01

20251205 01

20251205 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခန္တီးမြို့ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အား ပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်‌ ရောက်၊ စိုက်ပျိုးရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လ

မုံရွာ၊ ဒီဇင်ဘာ ၃

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်း အနားကို ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ ဒေသခံ တိုင်းရင်းသားများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခန္တီးမြို့ရှိဒေသခံပြည်သူများ ဓာတ်အားခသက်သာစွာဖြင့် ၂၄ နာရီတစ်နှစ်ပတ်လုံး ရရှိသုံးစွဲနိုင်ရန် ရည်ရွည်ပြီး ဆိုလာ ဓာတ်အားပေးစက်ရုံအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ တော်အနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ပြည့်မီရန်၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုး တိုးတက်မှုကို အားပေးမြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ တိုးတက်လာစေရန်နှင့် အသေးစား၊အငယ်စားနှင့်အလတ်းစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ထားရှိရာ ၄င်းမူဝါဒအား မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် ယခုစီမံကိန်းအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ် အားစနစ်ဖြင့် အလှမ်းဝေးသည့် မြို့၊ကျေးရွာများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ခန္တီးမြို့ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ် ငန်းများဆောင်ရွက်ခဲ့သည့် လောကသစ္စာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ် ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ခန္တီးမြို့နေဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့သည့် Video Clip အား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးဇာနည်တင်မိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဇော်ထက်၊ လောကသစ္စာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ၁ မဂ္ဂါဝပ် ဆိုလာ ဓာတ်အားပေးစက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုခ်ဦးရှေ့ တွင်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရေ များပတ်ဖျန်းပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန္တီးမြို့ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ၊ ဒီဇယ်ဓာတ်အားပေးစက်များနှင့် ဆိုလာချပ်များတပ်ဆင်ထား ရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်း ပွားအဖွဲ့များနှင့် ခန္တီးမြို့ပေါ်ရှိ တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ကပြဖျော်ဖြေနေမှု များအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံအား ဆိုလာပြား(၁၅၄၂) ချပ်၊ အင်ဗာတာ(၁၂၅)ကီလိုဝပ်၊ ၈ လုံးနှင့် ဘက်ထရီ(၂၈၈)လုံး တပ်ဆင်ကာ ခန္တီးမြို့နေပြည် သူများအား ၂၄ နာရီ လျှပ်စစ်မီးပေးလျက်ရှိသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာ ခြံရှင်ဦးခင်ဦး စိုက်ပျိုးထားရှိသည့် နောင်နန်းမျိုး ရော်ဘာ စံပြစိုက်ခင်း ဧက ၁၀၀ နှင့် ကုန်းမြင့်ကော်ဖီ ၄ ဧက စိုက်ပျိုးရေးခြံသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူးနှင့်ခြံတာဝန်ခံတို့မှ ရော်ဘာပင်နှင့်ကော်ဖီပင်များ စိုက်ပျိုးထားရှိမှုများ အား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင် သူ များနှင့်အတူ အဆိုပါခြံအတွင်းရှိ ကော်ဖီပင်များအား ရွက်ဖျန်းဆေးများ ပတ်ဖျန်းနေမှုများ ကိုကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများအား ရေဆင်း စပ်မျိုးနေကြာမျိုးများ၊ စမုံနက်နှမ်းမျိုးစေ့များ၊ ဆေးဖျန်းပုံးများနှင့် ကုန်းမြင့်ကော်ဖီပျိုးပင် များအား ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ အောင်သာယာကျေးရွာ တောင်သူ ၁၃ ဦးစိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း ၈၁ ဧကအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရေရရှိစေရန်အတွက် ချင်းတွင်း မြစ်မှ ဆိုလာမြစ်ရေတင်စနစ်ဖြင့် ဆောင်ရွက်မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ သာစည်ကျေးရွာ တောင်သူ ၁၉ ဦးစိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံစိုက်ခင်း ၅၀ ဧကအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရေရရှိစေရန်အတွက် ချင်းတွင်းမြစ်မှ ဆိုလာမြစ်ရေတင်စနစ်ဖြင့် ဆောင်ရွက်မည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သိရသည်။

20251204 06

20251204 06

20251204 06

20251204 06

20251204 06

20251204 06

20251204 06

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.