၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဩဂုတ် ၂၁
၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာ ယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများတက် ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသမီး ကိုယ်ကာ ယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ၁ ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု များအား ကြည့်ရှုအားပေးကြပြီး ၃ ယောက်တွဲ၊ ၉ ယောက်တွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိ ယ၊ တတိယဆုရရှိခဲ့ကြသည့် အသင်းများနှင့် နည်းပြများ၏ ပြန်လည်ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန် ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ၁ ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အား ကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး
တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် ပြိုင် ပွဲဝင်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း ပေး အပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ၉ ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရွှေဘိုခရိုင် အသင်း၊ ဒုတိယဆုရရှိခဲ့သည့် မော်လိုက်ခရိုင်အသင်းနှင့် ပထမဆုရရှိသည့် ကလေးခရိုင် အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တံခွန်စိုက်ဒိုင်းဆုရရှိ သည့် ကလေးခရိုင်အသင်းအား ငွေသားဆုငွေကျပ် – ၅ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ ဆုရအားကစားအသင်းများနှင့် စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး(ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးမြတ်ကြီးရှိ ဘောဂရံသီ ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဂေါပကဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ“နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ သာစံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တတေဇဝန္တ သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ က လှူဖွယ်ဝတ္ထုပစ္စည်းများအား အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ အလှူရှင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆုတောင်းပြည့်စေတီတော်ကြီး ဂေါပကအဖွဲ့ ဥက္ကဌ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စေတီတော်ကြီး ဘဏ္ဍာရေးမှူးတို့ထံ အလှူငွေများပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်း တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ ဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမော ဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
အဆိုပါ မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူပူဇော်နိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်း အနားတွင် အလှူရှင် ၂၇၅ ဦးမှ အလှူငွေကျပ် စုစုပေါင်း ၈၅၁၆,၁၁,၅၀၀ (သိန်းပေါင်း ရှစ်ထောင်ငါး ရာ တစ်ဆယ် ခြောက်သိန်း တစ်သောင်းတစ်ထောင့် ငါးရာ)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော် ရန်အတွက် စေတီတော်ကြီးတစ်ပတ် လိုက်လံဖူးမျှော်ကြည်ညိုခဲ့ကြပြီး စေတီတော်ကြီး အားလာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင် ရေးအတွက် စေတီတော်ကြီးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်ရေးအတွက် ဂေါပက အဖွဲ့ဝင်များက အလေးထား ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



