slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အခြေခံစာကြည့်တိုက်ပညာ သင်တန်း(၂/၂၀၂၅)ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာဖတ်ခြင်းသည် စိတ်ကိုတည် ငြိမ်မှုရှိပြီး အမှားနှင့်အမှန်အား ကျိုးကြောင်းဆီလျော်စွာ ခွဲခြားဆုံးဖြတ်နိုင်သည့် ဗဟုသုတ များစွာရရှိနိုင်ပြီး ကျောင်းသားလူငယ်များအတွက် စာကြည့်တိုက်များသည် မရှိမဖြစ်လို အပ်ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရန်အတွက် စာကြည့်တိုက်ဝန်ထမ်းများ တစ်နည်းအားဖြင့် စာကြည့်တိုက်မှူးများ၏အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့်လည်း ယခုစာကြည့်တိုက်ပညာသင်တန်းမှ ရရှိ လာမည့် စာကြည့်တိုက်ပညာရပ်များအား အလေးထားကာ သင်ယူလေ့လာသွားကြရန် နှင့် မိမိတို့နှင့်သက်ဆိုင်သည့် စာကြည့်တိုက်များတွင် ပြန်လည်အသုံးပြုသွားကြရန် လိုအပ် ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စာကြည့်တိုက်ပညာဖွံ့ဖြိုး ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မုံရွာခရိုင်ရုံးတွင်ဖွင့်လှစ်သည့် အခြေခံ စာကြည့်တိုက် ပညာသင်တန်း(၂/၂၀၂၅) အတွက် ကုန်ကျငွေကျပ် – ၈၀၀၀၀၀ (ရှစ်သိန်း)ကျပ်အား မုံရွာခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးထံ ပေး အပ်သည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးဆန်းဝင်းက အခြေခံစာ ကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅)ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ((Community Centre )၌ ဖွင့်လှစ်လျက်ရှိသည့် အခြေခံစာ ကြည့်တိုက်ပညာ သင်တန်း(၂/၂၀၂၅)သို့ သင်တန်းသား/သင်တန်းသူ ၂၁ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းအား ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၃ အထိ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

20250820 01

20250820 01

20250820 01

20250820 01

20250820 01

20250820 01

20250820 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ တက်ရောက်

မုံရွာ၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားလာစေရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန် ရည်ရွယ် ပြီး ဌာနတွင်းအခြေခံသင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ယခုလိုလုပ် ငန်းခွင် အခြေခံသင်တန်းအား ဝန်ထမ်းများအတွက် ပုံမှန်ဖွင့်လှစ်ရန်လိုအပ်သကဲ့သို့ လုပ်ငန်းခွင်တွင် အဓိကအရေးကြီးသည့် အသိပညာပေးလုပ်ငန်းများအား ညွှန်ကြားရေး မှူးရုံးမှဦးစီးပြီး ဆောင်ရွက်သွားကြရန်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ အမျိုးသမီးနှင့်ပတ်ဝန်းကျင်၊ လူငယ်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍ အသိပညာပေးနိုင်ရေး၊ ပတ်ဝန်းကျင်လေထုနှင့် မြေပေါ်ရေအရည်အသွေး စောင့် ကြည့်တိုင်းတာရေး စက်ကိရိယာကိုင်တွယ်ခြင်း သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေး ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ လေ သန့်ရှင်းသာယာရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းသူ/သင်တန်းသား နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိတာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများအပေါ် စေတနာထားပြီး အဂတိ ကင်းရှင်းစွာ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့် ဆင့်လမ်းညွှန်မှုခံယူပြီး ဒေသခံ ပြည်သူ များ၏ ယုံကြည်ကိုးစားမှုအားရယူ၍ လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်ကြခြင်းဖြင့် မိမိတို့၏တိုင်းဒေသကြီး၊ မိခင်ဌာနနှင့် ဝန်ကြီးဌာနတို့၏ ဂုဏ်သတင်းအား မြှင့်တင်ပေး သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင် တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင် ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်း၌ သင်တန်းသား/သင်တန်းသူ ၂၆ ဦးအား ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်းရှိ ရေ၊ မြေ၊ လေ တိုင်းတာစစ်ဆေးရေး စက်ကိရိယာများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ပြီး တိုင်းတာစစ်ဆေးရေးကိရိယာများအား အသုံးပြုကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်းအတွင်း ရှိ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ် RC အဆောက်အဦသစ် ဆောက် လုပ်ပြီးစီးမှု၊ ဝန် ထမ်းများသက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံများနှင့် စိန်တလုံးသရက်ပင်များ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250819 18

20250819 18

20250819 18

20250819 18

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.