slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီ(၇/၂၀၂၅) အစည်းအဝေး တက်ရောက်

မုံရွာ၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၅) အစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ ဦးတည်ချက်၊ လမ်းညွှန် ချက်၊ လိုလားချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်လာစေရန်နှင့် ဝင်ရောက်ပြီးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လုပ်ငန်း စဉ်များအား လွယ်ကူချောမွေ့အောင် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်း‌ဒေသကြီးအတွင်းရှိ အသေးစား၊ အငယ် စား၊အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကော်မတီအဖွဲ့ဝင် အားလုံးမှ အလေး ထားကာ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-ခုနှစ်၊ ဇူလိုင်လအတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအခြေအနေများနှင့် စစ်ကိုင်းစက်မှုဇုန်တွင် ဆောင်ရွက်နေသည့် Sagaing Steel Industry Co., Ltd. ၏ သံနှင့်သံမဏိအခြေခံပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား တည်ဆောက်မှုသက် တမ်းတိုး တင်ပြလာခြင်းကိစ္စနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20250819 01

20250819 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန် ကျောင်းသား၊ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး မြို့နယ်များ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်

မုံရွာ၊ ဩဂုတ် ၁၄

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်များနှင့် ကျောင်းများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခ ချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ။ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူ များနှင့်မိဘများ တက်ရောက်ကြသည်။

ဦးစွာ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းစေရန်အတွက် အဓိကသည် ပညာရေးဖြစ်ပြီး လူတိုင်း လူတိုင်း ပညာတတ်မြောက်ပြီး အတွေးမှန်၊ အသိမှန်၊ အလုပ်မှန်လျင် မိမိတို့လူမှုအသိုက် အဝန်းသည် သာယာပျော်ရွှင်ဖွယ်ရာ လူနေမှုဘဝများအား ရရှိခံစားကြရမည် ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်သည် ဒေသတစ်ခု၏ ဂုဏ်သိက္ခာနှင့် ပညာရေးအပေါ်စိတ်ဝင်စားမှုအား မြှင့်တင်ဖော်ညွှန်းပေးသည့် အညွှန်းအမှတ်တစ်ခုဖြစ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ပညာရည်အဆင့်နှင့် အောင်ချက်ရာခိုင်နှုန်းများ နိမ့်ကျ မသွားစေရန်၊ ပိုမိုမြင့်မားလာစေရန်နှင့် လာမည့်နှစ်တွင်လည်း အောင်ချက်ရာခိုင်နှုန်းများ မျှော်မှန်းထားသည့်အတိုင်း ရရှိအောင် တာဝန်ရှိသူအားလုံးမှ ယခုကတည်းက အစီအမံ များချမှတ်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးမြို့နယ်ဆုနှင့် အောင်ချက်အကောင်းဆုံး ကျောင်းဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် မြို့နယ်ပညာရေးမှူးများနှင့် ကျောင်း အုပ်ကြီးများအား လည်းကောင်း၊ နိုင်ငံတော်အဆင့် မြန်မာတစ်နိုင်ငံလုံး Top Ten ဝင် အမှတ်အများဆုံး ၁၀ ဦးဝင် ဆုရရှိသူ ကျောင်းသား၊ကျောင်းသူ ၂ ဦးနှင့် ၆ ဘာသာဂုဏ် ထူးရရှိသူ ထူးချွန်ကျောင်းသား၊ကျောင်း သူ ၃ ဦးတို့ထံ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြု ဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ၅ ဘာသာဂုဏ်ထူးရရှိသူ ထူးချွန်ကျောင်း သား၊ကျောင်းသူ ၅ ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေများ နှင့်ဂုဏ်ပြုဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေး ပွဲတွင် ၄ ဘာသာဂုဏ်ထူးရရှိသူ ထူးချွန်ကျောင်းသား၊ကျောင်းသူ ၂၇ ဦးထံ ဂုဏ်ပြုချီးမြှင့် ငွေများနှင့် ဂုဏ်ပြုဆုတံဆိပ်များအား လည်းကောင်း၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက ၄ ဘာသာဂုဏ်ထူးရရှိသူ ထူးချွန်ကျောင်းသား၊ကျောင်းသူ ၂၈ ဦးနှင့် သိပ္ပံ ဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲများတွင် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူ ၉ ဦးတို့ထံ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီး မြှင့်ကြသည်။

ထို့နောက် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင် မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကိုယ်စား ၆ ဘာသာဂုဏ်ထူးရ ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ ၏တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ခန်းမ အတွင်းခင်းကျင်းပြသထားသည့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင် ရွက်မှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၉၇၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၂၄၁ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၄၃.၇၀ ရာခိုင်နှုန်းဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ၄ ဘာသာဂုဏ် ထူးရှင် ၅၅ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၂၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၈၁ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၇၀၂ ဦး ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အခမ်းအနားသို့ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “လူငယ် များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေး မြှင့်တင်စို့”ဆိုသည်အတိုင်း ဗလငါးတန်နှင့် ပြည့်ဝသည့် ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရေးအတွက် ကျန်းမာရေးအဆင့် မြှင့်ကျောင်းလုပ်ငန်စဉ်များအား ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအနေ ဖြင့် နှီးနွယ်ဌာနများ၏ ပံ့ပိုးကူညီမှုများနှင့်အတူ ရည်မှန်ချက်များအောင်မြင်သည်အထိ အရှိန်အဟုတ်မြှင့်တင်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် Video Clip အား ကြည့်ရှုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “အဓိကမျှော် တွေးကျန်းမာရေး”သီချင်းဖြင့် လည်းကောင်း၊ မုံရွာမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း မှကျောင်းသား၊ကျောင်းသူများက “Exercise medicine ”သီချင်းဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်း သား၊ကျောင်းသူများအား သန်ချဆေးနှင့်သံဓာတ်အားဆေးများ တိုက်ကျွေးခဲ့ကြပြီး အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာခန်းမအတွင်းခင်း ကျင်းပြသထားသည့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ အားကြည့်ရှုခဲ့ကြောင်း သိရသည်။

20250815 01

20250815 01

20250815 01

20250815 01

20250815 01

20250815 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.