slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ စုပေါင်းသန့်ရှင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက် နေမှုများအား လိုက်လံ ကြည့်ရှု၊ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ လှူဖွယ်ဝတ္ထုပစ္စည်း၊ ဆေးနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူ

မုံရွာ၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်း တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်း သား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ အောင်ချမ်း သာရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက် တန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆ ရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသ ကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာ ယာရေး အဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၅၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်မှ ပြည် ထောင်စုလမ်းအထိ လမ်းဘေးဝဲ/ယာရှိရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန် စေရေးအတွက် လုပ်ငန်းများဆောင် ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ ဆရာတော်ကြီးများ ဆွမ်းကွမ်းအခက်အခဲမရှိစေရေး တို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်းကို မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပညာ ရောင်ခြည်ကျောင်းတိုက်ကြီးတွင် ကျင်းပရာ မုံရွာမြို့၊ ပညာရောင်ခြည်ကျောင်းတိုက်၊ ဦးစီးပဓာ နနာယက ဘဒ္ဒန္တဝိလာသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ တိပိဋကာလင်္ကာရကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပဓာ နနာယက ဘဒ္ဒန္တကောဝိဒ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ က လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင် ချမ်းသာရပ်ကွက်ရှိ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပဓာနနာယ က၊ ဘဒ္ဒန္တဇောတိပါလာလင်္ကာရ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။

ဆက်လက်၍ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေး မှူးများက လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ် လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ ကြောင်း သိရသည်။

20250916 06

20250916 06

20250916 06

20250916 06

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ် (မုံရွာ)၌ အဋ္ဌမအကြိမ် တီထွင်ဖန်တီးမှုပြပွဲအခမ်း အနား ကျင်းပ

မုံရွာ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) အဋ္ဌမအကြိမ် တီထွင်ဖန်တီးမှုပြပွဲ အခမ်း အနားကို စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုပရောဂျက်ပြပွဲသည် ကျောင်းသား၊ကျောင်းသူများ၏ သင်ယူမှုနှင့် တီထွင်ဖန်တီးမှုစွမ်းရည်အား ထင်ဟပ်စေရုံ သာမက မိမိတို့တိုင်းဒေသကြီး၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာ ကောင်းများကိုလည်း ဖော်ပြပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်းကျောင်းသား၊ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှု၊ ဆန်းသစ်တီထွင်မှု စွမ်းရည် များကိုအားပေးသည့် ပညာရပ်များ၊ လက်တွေ့သင်တန်းစာများ၊ သင်ကြားနည်းစနစ်များ အားအသုံးပြုပြီး လူမှုပတ်ဝန်းကျင်အတွက် အထောက်အကူပြုမည့် သုတေသနများနှင့် နည်းပညာအသုံးချ တီထွင်ဖန်တီးမှုစွမ်းအားများ မြင့်မားလာအောင် လေ့ကျင့်သင်ကြား ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများဖြစ်သည့် မောင်တို့ မယ်တို့အနေဖြင့်လည်း နည်းပညာများအားအသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အထောက်အကေူပြုမည့် တီထွင်ဖန်တီးမှုများအား များများလုပ်ဆောင်သွားကြရန် လို အပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်မှ အဋ္ဌမအကြိမ် တီထွင် ဖန်တီးမှုပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပါမောက္ခချုပ်ထံ တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးသွားကြသော ကျောင်းသူများအတွက် ဂုဏ်ပြုချီး မြှင့်ငွေများပေးအပ်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင်စုပေါင်းတီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၅၁ ခန်းတို့အား လိုက်လံ ကြည့်ရှုအားပေးရာ ကျောင်းသား/သူများက မိမိတို့နှင့်သက်ဆိုင်သည့် ပရောဂျက်ပြခန်း များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြသကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250916 01

20250916 01

20250916 01

20250916 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.