၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၁ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရီးသွား/ကုန်တင်ယာဉ် မော်တော်ယာဉ်လို င်းများ၊ ရေယာဉ်လိုင်းများ၊ ကုန်မာဆိုင်များ၊ တယ်လီဖုန်းနှင့်လျှပ်စစ် ပစ္စည်းဆိုင်များ၊ ပေပါခွံရောင်းဝယ်ရေးဆိုင်များ၊ ဘက်ထရီအိုးနှင့်ဆိုလာအရောင်းဆိုင်များ၊ အင်္ဂလိပ်/မြန် မာဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့်ကုန်သည်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေး၊ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးတို့ အတွက် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အလေးထား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်စည်များသယ်ဆောင်ရာတွင် လမ်းခရီး၌မလိုအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေးနှင့် မှန်ကန်မြန် ဆန်ရောက်ရှိမှသာ ဈေးကွက်၏ဝယ်လိုအားအပေါ် ရောင်းလိုအားညီမျှနေမှသာ ကုန်စည်ဈေးနှုန်းများ ဈေးတက်ခြင်း၊ သိုလှောင်အမြတ်တင်ရောင်းချခြင်းများ မရှိမှာ ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်ကုန်သည်များမှ လည်း တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာခြင်းမပြုကြရန်နှင့် မိမိတို့ရင်ဆိုင်ကြုံ တွေ့နေရသည့် အခက်အခဲများအပေါ် ပွင့်လင်းမြင်သာစွာဖြင့် ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရီးသွား/ကုန်တင်ယာဉ် မော်တော်ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများ၊ ကုန်မာဆိုင်များ၊ တယ်လီဖုန်းနှင့်လျှပ်စစ် ပစ္စည်းဆိုင်များ၊ ပေပါခွံရောင်းဝယ်ရေးဆိုင်များ၊ ဘက်ထရီအိုးနှင့်ဆိုလာအရောင်း ဆိုင်များ၊ အင်္ဂလိပ်/မြန်မာဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့် ကုန်သည်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် ကုန်စည်များ တင်ပို့၊ရောင်းချ၊ဖြန့်ဖြူးပေးနေမှု၊ ပြည်သူများ သို့ကုန်စည်များရောင်းချပေးနေမှု အခြေအနေများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ပူးပေါင်းဆောင်ရွက်ပေးလိုမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် မိမိတို့သက်ဆိုင်ရာဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်များအလိုက် မြို့နယ်များအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန် စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဩဂုတ် ၁
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့် ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသာ/သင်တန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် လွတ်လပ် ၍တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်အား ဖော်ဆောင်ပေးနိုင်ရေး အတွက် အဖက်ဖက်မှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ် ပြည့်လူဦးရေစာရင်းများအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ ပြန်လည်စီစစ်၍ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစု နိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်း စဉ်များ၌ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် မဲပေးစက် နှင့်စပ်လျဉ်း၍ သေချာစွာလိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကာလ တွင် အဆိုပါ မဲပေးစက်များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားမယွင်း ကင်းစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးကိုကိုဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင် တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



