၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှု ထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် (ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၃၁ ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အခမ်းအနားသည် ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စေတနာထား၍ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်များအပေါ် ကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း မိမိ တို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ထမ်းမိသားစုဝင်များ၏ လိုအပ်ချက်များအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေ ဖြင့်လည်း စောင့်ထိန်းရမည့် ကျင့်ဝတ်၊စည်းကမ်းများအား လေးစားလိုက်နာစောင့်ထိန်းလျက် နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးမှ အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင် ပြောဆိုဆက်ဆံကြပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီများအား အသီးသီး ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တာဝန်ထမ်း ဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများ နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ဝန်ထမ်းတစ်ဦးလျင် ဆန် ၄ ပြည်နှင့် စားသုံးဆီ ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ၄၃၀ ဦးအတွက် ဆန် ၇၂ အိတ်၊ စားသုံးဆီ ၂၁၅ ပိဿာ စုစုပေါင်းငွေ ကျပ် ၁၀,၃၆၀,၀၀၀ (တစ်ရာ့သုံးသိန်းခြောက်သောင်းကျပ်) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ တက်ရောက်
မုံရွာ၊ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်း အနားကို ဇူလိုင်လ ၃၀ ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ် ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုသင်တန်းအား စနစ်တကျ နှင့်အချိန်ပြည့် တက်ရောက်ပေးခဲ့သည့် သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင် တန်းမှရရှိခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်သည့်အခါ ထိရောက်သည့် နည်းလမ်းများဖြင့် စနစ်တကျပြုစုပျိုးထောင် ပြီးမိဘများနှင့် ရပ်ရွာလူထုများမှလည်း ဝိုင်းဝန်းပူးပေါင်းကာ ကလေးသူငယ်များအား ပြုစု စောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံ ဗဟုသုတ နည်းပညာများအား အသုံးချပြီး မိမိတို့နိုင်ငံ၏အနာဂတ် ကလေးငယ်များအကျိုးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကသင်တန်းတွင်ကြီးကြပ်သင်ပြပေးပါသော လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်ခင်နွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးက သင်တန်းသား/သင်တန်းသူများအား သင် တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လိူင်မိုးမြတ်က သင်တန်းအစီရင်ခံစာအား Power Point ဖြင့် ဖတ်ကြားပြောကြား သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းသူများအား၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှု အားပေးကြပြီး ခန်းမအတွင်းခင်းကျင်းပပြုသထားသည့် သင်တန်းသူ များကိုယ်တိုင် ပြုလုပ်ထားသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင် ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအား ဇူလိုင်လ ၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင် ကြားပေးခဲ့ပြီး သင်တန်းသား၊သင်တန်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



