၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စက်ချုပ်နည်းပညာ အဆင့်မြင့်သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇူလိုင် ၂၉
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက်ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) ၂ ခု သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဆင့်မြင့်စက်ချုပ်နည်း ပညာသင်တန်းတွင် ပွဲတက်ဝတ်စုံများပါ ချုပ်လုပ်နိုင်အောင် သင်ကြားပေးခဲ့သည့်အတွက် လုပ်ငန်းထူထောင်လုပ်ကိုင်ရာတွင် များစွာအထောက်အကူဖြစ်ပြီး ထိရောက်အကျိုးရှိသည့် စီမံကိန်းသင်တန်းများ ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် စီမံကိန်းလုပ်ငန်း တစ်ခု စီမှထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသည့် သင်တန်းသူ ၅ ဦးစီအား ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းဖိုးနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ငှားရမ်းသုံး စွဲခွင့်ပြုသွား မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်း သင်ကြားတတ်မြောက်မှုကြောင့် စက်ချုပ်လုပ်ငန်း ထူထောင်လိုသူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူမှုစီးပွားဘဝများ မြင့်မားလာပြီး သားသမီးများ ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအထောက်အပံ့နှင့် ပြုစုပျိုးထောင်ခြင်းများဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက် သစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အပြင် လူသားအရင်းအမြစ်နှင့် နည်းပညာအခြေခံ မိသားစုဝင်ငွေများ တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း လုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)အတွက် သင် တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံ ကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်စေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း(အဆင့်မြင့်)အတွက် သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခင်မောင်အေး က အသေးစား၊ အငယ်စားစီးပွားရေးများပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်)မှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်စေရေးစီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)မှ ရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့ လည်းကောင်း အသီးသီး ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်း(အဆင့်မြင့်)၂ ခုမှ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင် တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ် အထည်များအား လိုက်လံကြည့်ရှုခဲ့ ကြပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စားသုံးဆီ ရောင်းချမှုကြီးကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ စစ်ကိုင်း/မုံရွာ/ယင်းမာပင်ခရိုင်များမှ စားသုံးဆီ ထုတ်လုပ်ရောင်းချသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသုံးဆီထုတ်လုပ် ရောင်းချကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများလက်ဝယ်သို့ စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် အလေးချိန်မှန်ကန်ရေးနှင့် လွယ်ကူချောမွေ့အောင် ဝယ်ယူရရှိနိုင်ရေး တာဝန် ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စားသုံးဆီများအား ဈေးနှုန်းမြင့်တက် ရောင်းချခြင်းများနှင့် သိုလှောင်ထားရှိမှုများ မရှိအောင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ စားသုံးဆီရောင်းချမှုကြီးကြပ်ရေးအဖွဲ့များမှ မြေပြင်အထိကွင်းဆင်း စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းများအပေါ် လိုအပ်သည်များကို ပွင့်လင်းမြင်သာ အောင် ဆွေးနွေးတင်ပြသွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များသို့ စားသုံးဆီများ ရောက်ရှိ/ခွဲဝေပေးထားမှု အခြေအနေများ၊ ပြည်သူများသို့ စားသုံးဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်/မုံရွာခရိုင်/ယင်းမာပင်ခရိုင် များမှ စားသုံးဆီလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် စားသုံးဆီများ ခွဲဝေရရှိမှု၊ ရောင်းချနေမှုများနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း စားသုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချသွားရေးတို့အတွက် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ ခရိုင်များအလိုက် မြို့နယ်များအတွင်း စားသုံးဆီများ ရောက်ရှိမှု၊ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချနေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့် စွက်ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



