၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ ဇူလိုင် ၂၈
ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်အတွက် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များက ချင်းတွင်းမြစ်အတွင်း၂ လက်မအရွယ်ရှိငါးမြစ်ချင်း၊ ထိုင်းငါးခုံးမကြီး ငါးသားပေါက် ကောင်ရေ ၅၀၀၀၀ အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ နားနုန်းကျေးရွာ၊ တောင်သူ ဦးအောင်စိုးလွင်၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အောင်နိုင်တိုး အထွက်ကောင်းစပါးမျိုး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဟုမ္မလင်းမြို့၊ “စာရာမေရိ” မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဦးချိန်းပေါ့ အသားတိုးကြက် ကောင်ရေ ၅၀၀ မွေးမြူထားရှိ မှုနှင့် “နောင်ဖွတ်မာ” မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဦးဆားနွမ်း အသားတိုးကြက် ကောင်ရေ ၃၅၀ မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် ကမ်းပြိုကာကွယ်ရေး သံခြင်းအခြေပြုကျောက်စီ မြေထိန်းတမံ တည်ဆောက်မည့်နေရာသို့ သွား ရောက်ကြည့်ရှုခဲ့ကြပြီး မြစ်ကမ်းဘေးနေ ပြည်သူများအနေဖြင့် သဘာဝဘေးအားကြိုတင် မျှော်တွေးကာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရေးနှင့် မြစ်ချောင်းများအတွင်း ပလပ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွာ မစွန့်ပစ်ကြရန် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အလျား – ၁၅၀ ပေ၊ အကျယ် – ၂၀ ပေ၊ ၆ လက်မထု နှင့် အကျယ်- ၈၀ ပေ၊ အကျယ် – ၆ ပေ၊ ၄ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီး မှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဦးမြတ်ကျော် ဟုမ္မလင်းမြို့ စက္ခုဒါနအလှူတော် ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ ဇူလိုင် ၂၇
သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင် ၍ ဟုမ္မလင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ မျက်စိဝေဒနာရှင်များအား စက္ခုဒါနအလှူတော် ဒုတိယနေ့အဖြစ် ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စက္ခုဒါနအလှူတော် ဒုတိယနေ့အဖြစ် စမ်းသပ်ခွဲစိတ်ကုသပေးနေမှုများအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ ဟုမ္မလင်းတပ်နယ်မှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မ လင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများက လိုက်လံကြည့် ရှုခဲ့ကြပြီး မျက်စိအထူးကု ဆရာဝန်ကြီးများအား ရင်းရင်းနှီးနှီး လုက်လံနှုတ်ဆက်စကား များပြောကြားကာ အကြီးစားခွဲစိတ်နေမှုများအား လိုက်လံကြည့်ရှုပြီး တာဝန်သူများနှင့် အတူ ခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်နှင့် ဆေးများပေးအပ်ခဲ့ကြပြီး လာရောက် ပြသကြသည့် မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအား နေ့လည်စာ ထမင်း/ဟင်း များနှင့်သောက်ရေများ အသီးသီး ဝေငှပေးခဲ့ကြသည်။
အဆိုပါ သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင်၍ ဟုမ္မလင်းမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီး တွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့ထိ ၅ ရက်ကြာ စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ပထမနေ့နှင့် ဒုတိယနေ့၌ စမ်းသပ်လူနာပေါင်း ၈၂၄ ဦး၊ အကြီးစား ခွဲစိတ်လူနာ ၁၀၂ ဦး၊ အသေးစား ခွဲစိတ်မှု ၉ ဦးအား စမ်းသပ်ခွဲစိတ် ကုသပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ၊ ချင်းတွင်းမြစ်ကမ်းပြိုကာကွယ်ရေး သံခြင်းအခြေပြုကျောက်စီ မြေ ထိန်းတမံ အလျား – ၃၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစ်ဆေးပြီး မြစ် ကမ်းဘေးနေပြည်သူများအနေဖြင့် သဘာဝဘေးအားကြိုတင်မျှော်တွေးကာအသင့်ပြင် ဆင်ထားရှိရန်၊ ရေထိန်းတာပေါင်များအား ရေရှည်အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်နှင့် ပလပ်စတစ်အမှိုက်များ စည်းကမ်းမဲ့မစွန့်ပစ်ကြရန် တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများအား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာ၊ ချင်းတွင်းမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်စီဖြည့် မျောတိုင် တန်းအခြေပြု မျောဂရစ်ကွက် အလျား – ၂၀၀၀ ပေ၊ ဆောင် ရွက်ပြီးစီးမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ကက်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အလျား – ၇၀၀ ပေ၊ အကျယ် – ၆ ပေ၊ ၄ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် ဟုမ္မလင်းရပ်ကွက်ရှိ “ဆု” ပရိဘောဂလုပ်ငန်းနှင့် ခိုပဲဝရပ်ကွက်ရှိ “ရွှေကြယ်စင်” ကိတ်မုန့်အမျိုးမျိုး ထုပ်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ လုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် နောင်ဖွတ်မော်ရပ်ကွက်ရှိ “UMA” သောက်ရေသန့်စက်ရုံသို့ရောက်ရှိရာ လုပ်ငန်းရှင်က လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်အတွင်း တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ် တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့် ဖြူးပေးနိုင်ရန်အတွက် “ခေါင်ခမ်း”ကျေးရွာအနီး တက်ဆောက်လျက်ရှိသည့် ဓါတ်အား ပေးခွဲရုံအဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ် ကာလတွင်တည်ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရ သည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



