၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
ဟုမ္မလင်းမြို့ နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်
မုံရွာ၊ ဇူလိုင် ၂၆
သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင် ၍ ပေါက္ကံဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ဇူလိုင်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ်ပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ပေးရာသို့ သဲဖြူတောရ ဓမ္မရိပ် သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါက္ကံဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ လာ ရောက်ပြသကြသည့် မျက်စိဝေဒနာရှင်များအား နံနက်စာအအေးနှင့်မုန့်များ ပေးအပ်ခဲ့ကြ ပြီး မျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများ ပြော ကြားခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် ဟုမ္မလင်းမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီးအတွင်းရှိ ဓမ္မဝိစယဗိမာန်တော်ကြီး တွင်ကျင်းပပြုလုပ်သည့် သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ ဟုမ္မလင်းမြို့နယ် အတွင်းရှိ ဆရာတော်၊သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ချင်း တွင်းအထက်ပိုင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်၊ ဆေးအလှူတော် ရေစက်ချ မင်္ဂလာအခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး သဲဖြူတောရ ဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြ သည်။
ယင်းနောက် သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချင်းတွင်းအထက်ပိုင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်၊ ဆေးအလှူတော်အတွက် အလှူငွေကျပ် – သိန်း ၃၀၀ အား ဆက်ကပ်လှူ ဒါန်းခဲ့ကာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် အလှူရှင်များက ဆရာတော်ကြီးထံ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြည်ညိုကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ် ဆိုဘုးကန့်တော့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံမျက်စိဝေဒရှင်များအား အမြင်အာရုံစမ်းသပ်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိပါရဂူ ဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများ အတွက် ဆရာတော်ကြီးမှ ဂုဏ်ပြုငွေများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အဆိုပါ ဆေးရုံရှိ သတ်မှတ်အဆောင်များတွင် မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များ နှင့်ဆေးများအား လိုက်လံပေးအပ်ခဲ့ကြပြီး မျက်စိအကြီးစား ခွဲစိတ်နေမှုအားသွားရောက် ကြည်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါ သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင်၍ ပေါက္ကံဖောင်ဒေး ရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ဇူလိုင်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့ထိ ၅ ရက်ကြာ စမ်းသပ်ကုသပေးသွားမည်ဖြစ်ပြီး စက္ခုဒါနအလှူ တော် ပထမနေ့အနေဖြင့် စမ်းသပ်လူနာ ၃၈၄ ဦး၊ အကြီးစားခွဲစိတ်လူနာ ၄၁ ဦး၊ အသေး စား ခွဲစိတ်မှု ၄ ဦး၊ လူနာ ၃၃၉ ဦးအား ကုသပေးခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်း
မုံရွာ၊ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများနှင့် ဆရာတော်/သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ အရှေ့လေးထပ်ကျောင်းတိုက်ကြီးတွင် ကျင်းပ ရာ ဆက်ကပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ အရှေ့လေးထပ်ကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဘဒ္ဒန္တသုမန သက် တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ယင်းနောက် သက်တော်ရှည် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီး ရပ်ကွက်ရှိ မြို့မဂါတ်ကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တပဏ္ဍိစ္စ သက်တော်ရှည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် သက်တော်ရှည် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြဝတီ ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တဣဿရိယ သက်တော် ရှည်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ သက်တော်ရှည် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



