slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မုံရွာ၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းကဏ္ဍသည် အလွန် အရေးကြီးသည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြား ချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် တင်ပြချက်များအပေါ်မူတည်ပြီး မှန်မှန် ကန်ကန်နှင့် မြန်မြန်ဆန်ဆန် စီစစ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသ ကြီးလယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့်လည်း ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်ညီညွတ် ပါကခွင့်ပြုပေးသွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာ ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်း ဒေသကြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့(၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊မြေ လပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၅) သို့ တင်ပြလာသည့် အမှုတွဲများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ(၁/၂၀၂၅)သို့ တင်ပြလာသည့် အမှုတွဲများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20250725 01

20250725 01

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပ

မုံရွာ၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြနေမှုများနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “အလှကမ္ဘာမြေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုလွင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်ပေးကြပြီး ဘင်ခရာ/ပန်းပွားအဖွဲ့နှင့် “အလှကမ္ဘာမြေ”တေးသီချင်းဖြင့် တီးမှုတ်ကပြဖျော်ဖြေ ပေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုခ်ဦးရှေ့ တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သင်တန်းသူများက ကရာတေးနှင့် လက်ဝှေ့ အားကစားနည်းများဖြင့် သရုပ်ပြ သမှုများအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ “နဝဒေး” ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ကျောင်းသူများ သုတရသ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုများနှင့် စာအုပ်စာစောင်များ စနစ်တကျ ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ သိပ္ပံပြခန်း၊ သင်ထောက်ကူပစ္စည်းများပြခန်း၊ စက်မှု/စိုက်ပျိုး/မွေး မြူရေးပြခန်းများ၌ ကျောင်းသား၊ကျောင်းသူများ လက်တွေ့သရုပ်ပြသမှုများအား ကြည့်ရှု အားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်းနှင့် ဉာဏ်စမ်း ပဟေဠိ ယှဉ်ပြိုင်နေမှု၊ ပုံပြင်ပြောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု၊ ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများနှင့် လူငယ်စကားဝိုင်း ကျင်းပနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲများနှင့် ပူပေါင်းဖောက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲများတွင်ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီး မြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုဂ္ဂလိကစာအုပ် ဆိုင်များမှ သုတ/ရသစာအုပ်စာစောင်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ အားကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများအား နံနက်စာ အအေးနှင့်မုန့်များ ဝေငှပေး ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ များက “အလှပန်းများပွင့်ကြပြီ” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းစာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား ကျင်းပရခြင်းအနေဖြင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်အားအသုံးပြုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးပြီးဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများ၊မိဘများနှင့် တာဝန်ရှိသူများအနေ
ဖြင့် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေမည့် စာပေဖတ်ရှု လေ့လာမှု ရင့်သန်လာစေရန်အတွက် လေ့ကျင့်သင်ကြားပေးသွားကြရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်း ဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးထံ ငွေကျပ်- ၆၃၂၀၀၀၀ (ခြောက်ဆယ်သုံးသိန်း နှစ်သောင်း)ကျပ်အား လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ “နဝဒေး”ကျောင်းစာကြည့်တိုက်အတွက် ကျောင်းအုပ်ဆရာမကြီးထံ စာအုပ်/စာစောင် များပေးအပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုလက်မှတ်မျာအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်မျာအား ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်။

20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01
 
20250724 01
20250724 01
20250724 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.