slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဇူလိုင် ၂၂

၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစား ရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ပြိုင်ပွဲဝင်နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားသို့ တက် ရောက်လာသူများက ဗိုလ်လုပွဲစဉ်အဖြစ် ကလေးခရိုင်ဖူဆယ်အသင်းနှင့် ရွှေဘိုခရိုင်ဖူ ဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ကလေးခရိုင်အသင်းမှ ရွှေဘိုင်ခရိုင်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသည့် ကလေးခရိုင်အသင်း အားတစ်ဦးချင်းဆုတံဆိပ်၊ ငွေ သားဆုငွေကျပ် – ၅ သိန်းနှင့် တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရရှိသည့် ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေ ကျပ်- ၃ သိန်းအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ပူးတွဲတတိယ ဆုရရှိသည့် မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၂ သိန်းအား လည်း ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် – ၂ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းတို့က နေရာအလိုက်အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်း ဆုံးဆုရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား ပေးအပ်ချီး မြှင့်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ပထမဆုရရှိခဲ့သည့် ကလေး ခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

20250723 05

20250723 05

20250723 05

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက် ပျိုးရေးအား အဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်တာ နှင့်အညီ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများအား လုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စီမံ လမ်းညွှန်မှုဖြစ်သည့် စိုက်ပျိုးသီးနှံများ လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ စိုက် ပျိုးနိုင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်စွမ်းအား တိုးတက်စေရေးနှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးတို့အတွက် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ၏ စားရေရိက္ခာဖူလုံရေး ကြိုးစားဆောင် ရွက်နေသကဲ့သို့ မွေးမြူရေးကဏ္ဍအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ ငါး၊ နို့စားနွား၊ အသားစား နွားများ တိုးချဲ့မွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာ၊ မျိုး၊ တိရစ္ဆာန်အစာနှင့် သား ပေါက်ထုတ်လုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ပြီး လက်ရှိဖော်ထုတ်ပြီးစီး သည့်မွေးမြူရေးဇုန်များအား စနစ်တကျ အဆင့်မြှင့်တင်ခြင်းနှင့် မွေးမြူရေးဇုန် အသစ် များထပ်မံဖော်ထုတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ရေခံ၊မြေခံကောင်းများအား အခြေခံပြီး ဒေသထွက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များအား အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ထွန်းလာရေး ကိုလည်း ဦးတည်ဆောင်ရွက်ကာ တိုင်းဒေသကြီး၏ လယ်ယာ၊သားငါးကဏ္ဍ ဖူလုံပိုလျှံ ရေးတို့အတွက် တာဝန်ရှိသူများမှ အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း မိုးသီးနှံ များစိုက်ပျိုးထားရှိမှု၊ လယ်ယာမြေများသုံးစွဲစိုက်ပျိုးနေမှု၊ ဆည်တမံများနှင့် မြစ်ရေတင် လုပ်ငန်းများမှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှု၊ လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေး အပ်ထားရှိမှု၊ သုံးစွဲနေမှုများအခြေအနေများနှင့် ပြည်သူများ အသားငါး/ဥ ဖူလုံပြည့်ဝစေ ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ ဒေသခံတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး ထားမှု အခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ ခရိုင်များအလိုက် မြို့နယ်များအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20250723 01

20250723 01

20250723 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.