၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု လိုက်လံကြည့်ရှု
မုံရွာ၊ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်း မာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အစိုးရနည်း ပညာအထက်ကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင် သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်း သက်စွာဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား ကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၉၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ လယ်တီရေကန်အား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမြင့်အောင်က လယ်တီရေကန်အကျယ် ၇.၅ ဧကအား ကျောက်ရိုးစီမြေ ထိန်းနံရံဆောင်ရွက်ခြင်း၊ နိုင်လွန်ကတ္တရာလမ်းခင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကန် ပတ်လည် အရှည် – ၂၄၇၇ ပေအား စတီးလက်ရန်းများတပ်ဆင်ခြင်း၊ ပန်းအလှပင်ကြီး များစိုက်ပျိုးခြင်းနှင့် အပန်းဖြေထိုင်ခုံများ ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံ ညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်ရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တက်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။









စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း Digital Payment အသုံးပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Digital Payment အသုံးပြိုင်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ မုံရွာမြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များမှ ဘဏ်မန်နေဂျာများနှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရ၏ Digital စီးပွားရေးအဆောက် အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှု လုပ်ငန်း စဉ်များအား အရှိန် အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန်နှင့် ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှ အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ အများပြည်သူများအနေဖြင့် ငွေသားသုံးစွဲမှုလျှော့ချပြီး Electronic ငွေပေးချေမှုနည်းလမ်းများဖြင့် ပိုမိုပေးချေနိုင်ရေးအတွက် Digital Payment လုပ်ငန်း များအား တိုးမြှင့်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဌာန ဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ လစာငွေပေးချေမှုများအား မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ညွှန်ကြားထားသည့်အတိုင်း Digital ငွေကြေးဖြင့် ဆောင်ရွက်ပေးနိုင်ရေး အတွက် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားရှိသည့် ငွေထုတ်စာရင်းများမှ Digital Payment စနစ်ဖြင့် မိမိတို့နှစ်သက်ရာဘဏ်များသို့ စာရင်းလွှဲပြောင်းထုတ် ယူနိုင်ရေး ဌာနဆိုင်ရာများ၊ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ထွန်းထွန်းဦး က တိုင်းဒေသကြီးအတွင်း Digital Payment အသုံးပြုမှုနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များဖြစ်ကြသည့် KBZ ဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ UAB ဘဏ်၊ MCB ဘဏ်များမှ ဘဏ်တာဝန်ခံများမှ မိမိတို့ဘဏ်များမှ Digital Payment အသုံးပြု၍ ငွေသွင်း/ငွေထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေ များ၊ ဌာနဆိုင်ရာရုံးများသို့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များက မိမိတို့ဌာနများအလိုက် Digital Payment အသုံးပြု၍ ဝန်ထမ်းလစာများ ပေးချေဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြ ပြီး Digital Payment အသုံးပြု၍ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလို သည်များကို အသီးသီး မေးမြန်းကြသည်။
ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးမှူးနှင့် ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့် မိမိတို့ခရိုင်များအတွင်း Digital Payment အသုံးပြုနေမှု အခြေအနေများအား ရှင်း လင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ Digital Payment အသုံးပြု နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းချက်များအပေါ် ပုဂ္ဂလိဘဏ်များမှ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း Digital Payment အသုံးပြိုင်နိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေး နွေး အကြံပြုတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



