slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်အနား မုံရွာမြို့၌ ကျင်းပ

မုံရွာ၊ ဇူလိုင် ၁၆

၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ် ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြ/အုပ်ချုပ်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပသည့် ခရိုင် ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲကနေ အရည်အချင်းပြည့်ဝသည့် ရွတ်ပုန်းသီး အားက စားသမားများကို ရွေးချယ်ပြီး မိမိတို့တိုင်းဒေသကြီး၏ ဖူဆယ်အားကစားအဆင့်အား ပြန်လည်မြှင့်တင်ပေးသွားမည်ဖြစ်သည့်အပြင် မြန်မာ့လက်ရွေးစင်အသင်း၏ အရံအင် အားမျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားက စားသမားများအနေဖြင့်လည်း ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်အား လေးစားလိုက်နာသွား ကြရန်နှင့် မိမိတို့ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားကာ မိမိ၏ ခြေစွမ်းခြေစ အရည်အချင်းအား ပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ယှဉ်ပြိုင်ကစားသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ် ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအသင်းများအား လေ့ကျင့်ရေး ဖူဆယ် ဘောလုံးများအား အသင်းအုပ်ချုပ်သူများထံ လိုက်လံပေးအပ်ကာ ပြိုင်ပွဲဝင်အားကစား အသင်းများမှ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူ များမှ အဖွင့်ပွဲစဉ်အဖြစ် ရွှေဘိုခရိုင်ဖူဆယ်ဘောလုံးအသင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ရွှေဘို ခရိုင်အသင်းမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအား အနိုင်ရရှိသွားသည်။

အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၂ ခရိုင်မှ ပြိုင်ပွဲဝင် အားက စားသမား ၁၄၄ ဦး ဝင်ရောက်ယဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

20250717 06

20250717 06

20250717 06

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဇူလိုင် ၁၆

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုး သားဖောက်ခြင်းသင်တန်း ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင်ငါးသားဖောက်စခန်းတွင် ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်း ငါးမွေးမြူရေးကန် (၇၈၁၉.၁၂)ဧက မွေးမြူထားရှိပြီး ရွှေဘိုခရိုင်တွင် အများဆုံး မွေးမြူကာ ၄င်းငါးမွေးမြူရေးကန်များမှ ငါးရိက္ခာဖူလုံစေရေးအတွက် ထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့လည်း မြန်မာနိုင်ငံမှ ရေထွက်ပို့ကုန်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးသို့ နှစ်စဉ်တင်ပို့ရောင်းချလျက် ရှိပါကြောင်း၊ ငါးမွေးတောင်သူများ လိုအပ်သည့် ငါးသားပေါက်များအား ကိုယ်တိုင်သားဖောက်ထုတ်လုပ်နိုင်ရန်နှင့် ကျေး လက်နေပြည်သူများ ဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်များ ပေါ်ထွန်း လာစေရန်အတွက် ယခုလိုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်းနှင့် တစ်ဘက် တစ်လမ်းမှလည်း မြစ်ချောင်းအင်းအိုင်များအတွင်းရှိ လုပ်သားပြည်သူများ ငါးစားသုံးမှုပေါ ကြွယ်ဝစေရန် ငါးမျိုးစိုက်ထည့်ခြင်းများအား တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင်က အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း သင်တန်း ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းသူတစ်ဦးက မိတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါငါးသား ဖောက်စခန်းအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းတွင်အသုံးပြုသွားမည့် ဆေးဝါး ပစ္စည်းများ၊ ငါးအဟာရအစာများနှင့် ငါးမြစ်ခြင်းငါးများအား ဟော်မုန်းဆေးထိုးကာ သား ဖောက်ခြင်းနှင့် သန္ဓေအောင်ဥများ မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြည် သူများငါးစားသုံးမှုဖူလုံစေရန်အတွက် မွေးမြူထားရှိသည့် ငါးများရှင်သန်ကြီးထွားစေရန် နှင့်ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာရောင်းချသွားရေးတို့အား တာဝန်ရှိသူများအား မှာ ကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း သင်တန်း ကောင်းမွန် သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းအား ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင် တန်းသား/သင်တန်းသူ ၃၂ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

20250717 01

20250717 01

20250717 01

20250717 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.