၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကွန်ပျူတာသင်တန်း၊ အခြေခံတရုတ်၊ ဂျပန်စကားပြောသင်တန်းများ ဖွင့်ပွဲအခမ်းအနားနှင့် သူနာ ပြုသားဖွားသင်တန်းကျောင်း(မုံရွာ)အထူးနေ့လည်စာစားပွဲ တက်ရောက်
မုံရွာ၊ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၅)နှင့် အခြေခံတရုတ်၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် လ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်း အနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လူငယ်မောင်မယ်များ နည်းပညာနှင့် နီးစပ်မှုရှိအောင်၊ တတ်ကျွမ်း နားလည်မှုရှိအောင် ယခုလိုကွန်ပျူတာသင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကလေးမြို့များတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ သင်တန်းပေါင်း ၇၀ ကြိမ်တွင် သင်တန်းသားပေါင်း ၉၇၀ ဦးအား ကျွန်ပျူတာပညာရပ် များလေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လည်ပတ်စရာ များ၊ လေ့လာစရာများ ပြည့်ဝနေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ပြည်တွင်း၊ပြည် ပခရီးသွားများ လာရောက်လေ့လာပါက ပြောဆိုနိုင်ရန်၊ ဝမ်းစာပြည့်ဝရန် ကမ္ဘာသုံးဘာ သာစကားများ တတ်မြောက်ရန်လိုအပ်သကဲ့သို့ ပြည်ပသို့ ပညာသင်ကြားရန်၊ လေ့လာရန် အလုပ်အကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာပေါ်တွင်အသုံးများသည့် ဘာသာစကား များတတ်မြောက်ထားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် လည်း သင်တန်းအားစည်ကမ်းတကျနှင့် ပြီးဆုံးသည်အထိ တက်ရောက်သွားကြရန်နှင့် အခြေခံမှသည် အဆင့်မြင့်တက်မြောက်စည်အထိ ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ကွန်ပျူတာသင်တန်းအမှတ်စဉ် (၄/၂၀၂၅)နှင့် အခြေခံတရုတ်/ဂျပန် စကား ပြောသင်တန်းများအတွက် ငွေကျပ် ၁၆၃၀၀၀၀ (တစ်ဆယ်ခြောက်သိန်း သုံးသောင်း) ကျပ်အား တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဆန်းဝင်းထံ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကွန်ပျူတာသင်တန်းအမှတ်စဉ် (၄/၂၀၂၅)နှင့် အခြေခံတရုတ် ၊ အခြေခံဂျပန် စကားပြောသင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်း ရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးရှိ ကွန်ပျူတာသင်တန်းခန်းမအတွင်း ကွန်ပျူတာသင်တန်းအမှတ်စဉ်(၄/၂၀၂၅) သင်ကြား နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသား ဖွားသင်တန်းကျောင်း(မုံရွာ)၌ ကျင်းပပြုလုပ်သည့် အထူးနေ့လည်စာစားပွဲသို့ တက် ရောက်ရာ သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ များ၊ သင်တန်းသား၊သင်တန်းသူများနှင့်အတူ အထူးနေ့လည်စာ အတူတကွ သုံးဆောင် ခဲ့ကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် သောက်ရေသန့်စက်အတွက် ငွေကျပ်- ၁၄၅ သိန်းကျပ် အား ကျောင်းအုပ်ဆရာမကြီးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ)အတွက် ငွေကျပ်- ၁၀ သိန်းအား ဒုတိယကျောင်းအုပ်ဆရာမကြီးထံသို့ လည်းကောင်း ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိသင်တန်း သား/သင်တန်းသူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လှူဒါန်းထားသည့် တစ်နာရီလျှင် လီတာ ၂၅၀ ထွက်ရှိသည့် ရေသန့် စက်တပ်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။








စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေများ အားလိုက်လံကြည့်ရှုခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ဆောင်ရွက်နေမှု သွားရောက် ကြည့်ရှုစစ်ဆေး
မုံရွာ၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်း မာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင် သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်း သက်စွာဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား အအေးနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အဆိုပါ ကျောင်းဝန်းအတွင်းရှိ ကျောင်းစာကြည့်တိုက်အတွင်း သုတရသစာအုပ်/စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုကာ ကျောင်းအုပ်ဆရာမကြီးထံ စာအုပ်/စာ စောင်များ ဝယ်ယူရန်အတွက် ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့ သစ်ရပ်ကွက်ရှိ ဗန္ဓုလစေျးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသ ကြီးစည်ပင်သာယာ ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အလျား – ၂၇၉ ပေ၊ အနံ – ၂၄ ပေ၊ RC ၂ ထပ် ဈေးဆိုင်ခန်းပေါင်း ၄၄ ခန်းပါဝင်သည့် ဈေးအဆောက်အဦ သစ်တည်ဆောက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးအဆောက်အဦသစ် တည် ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက် ပြီးစီးရေးနှင့် ဈေးရောင်းချသူများအတွက် သောက်သုံးရေ၊ လျှပ်စစ်သွယ်တန်းခြင်းလုပ် ငန်းများစနစ်တကျရှိစေရေး၊ ဈေးပတ်ဝန်း ကျင်အား အမြဲသန့်ရှင်း သပ်ရပ်အောင်ထား ရှိရေးနှင့် ရေစီးရေလာကောင်းမွန်အောင် ရေနုတ်မြောင်းများထည့်သွင်း ဆောင်ရွက်ရေး တို့အား တာဝန်ရှိသူများကို မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဈေးအဆောက်အဦသစ် တည်ဆောက်ပြီးစီးမှု လုပ်ငန်းအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး ဈေးရောင်းချနေသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



