slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ယင်းမာပင်မြို့နယ်တို့တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

မုံရွာ ဇူလိုင် ၁၁

အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ ခရိုင် ပေါင်း၁၃ ခရိုင်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်တည်း ကျင်းပဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်က မုံရွာမြို့ မြို့သစ်ရပ်ကွက် အားသစ်လမ်းနှင့် မဂ်လာလမ်း တစ်လျှောက်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အရာထမ်းအမှူထမ်းများ၊ တက္ကသိုလ် ၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းသားသင်တန်းသူများ ၊ရပ်ကွက်နေ ပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အစီအစဉ်အရ မင်္ဂလာအချိန် နံနက် ၇ နာရီ တိတိ တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် အမြင့် ၂ ပေ အထက်ရှိသော စိန်ပန်းပင် ၂၀၀၊ ရေတမာပင် ၂၀၀၊ ခရေ ၁၁၀ ၊မယ်ဇယ် ၁၁၀၊ ဗန်ဒါ ၁၁၀ ၊ ကုက္ကို ၁၁၀၊ မဲဇလီ ၁၁၀နှင့် တမာ ၁၁၀ ၊ ပျိုးပင် စုစုပေါင်း ၁၀၅၀ ပင်ကို တပျော်တပါးတည်း အတူတကွ စိုက်ပျိုးပေးခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရှိရပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများအား သစ်တောဦးစီးဌာနမှ လက်ဖက်ရည် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။

အလားတူ ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ် အတွင်းရှိ ကွန်ပျူတာ တက္ကသိုလ်တွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အတူ တာဝန်ရှိသူများက ၂ ပေနှင့်အထက်ရှိသောခရေ ၇၀ ပင်၊ ရေတမာ ၅၀ ပင်၊ တမာ ၁၅၀ ပင်၊ မယ်ဇလီ ၁၅၀ ပင်၊ ကုက္ကိုလ် ၁၃၀ ပင် နှင့် ဗန်ဒါ ၅၀ ပင် စုစုပေါင်းပျိုးပင် ၆၀၀ ကို တပျော်တပါးတည်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြ‌ ကြောင်း သိရှိရသည်။

20250714 10

20250714 10

20250714 10

20250714 10

20250714 10

20250714 10

20250714 10

20250714 10

20250714 10

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစို ပြည်ရေး ၂၀၂၅-ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်စေရေး၊ သာယာလှပရေး၊ ရာသီဉ တုပြုပြင်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေး၊ မိုးခေါင်ရေရှားပါးမှု နှင့်အပူဒဏ်ကာကွယ်ရေး၊ သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေးတို့အတွက် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် အားသစ်လမ်း ဗိုလ်ချုပ်လမ်းမှ ပြည်ထောင်စုလမ်း အထိ လမ်းအရှည် – ၂၅၀၀ ပေရှိ လမ်းဘေးဝဲယာ၌ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်း စိုပြည်ရေး ၂၀၂၅-ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော လိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးတို့က စိန်ပန်းကြီးပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော်လိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျာင်းသူများ၊ ရပ် ကွက်နေပြည်သူများက သတ်မှတ်နေရာများတွင် အရိပ်ရပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စုပေါင်း သစ်ပင်စိုက် ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်များနှင့် ဌာနဆိုင်ရာအသီး သီးမှ ဝန်ထမ်းများအား နံနက်စာ လက်ဖက်ရည်၊ကော်ဖီ/ကောက်ညှင်းပေါင်းနှင့်အကြော် များဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် အားသစ်လမ်း ဗိုလ်ချုပ်လမ်းမှ ပြည်ထောင်စု လမ်းအထိ လမ်းအရှည် – ၂၅၀၀ ပေရှိ လမ်းဘေးဝဲယာ၌ ၂ ပေနှင့်အထက် ၂ နှစ်သား အရွယ်ရှိ သစ်မျိုး ၈ မျိုး၊ စုစုပေါင်းပျိုးပင်ပေါင်း ၁၀၅၀ ပင်အား စိုက်ပျိုးပေးခဲ့ကြပြီး တိုင်း ဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ယင်းမာပင်မြို့နယ် များ၌ သတ်မှတ်နေရာများတွင် စုစုပေါင်း အရိပ်ရပျိုးပင် ၄၉၅၀ ပင်အား စိုက်ပျိုးပေးခဲ့ ကြောင်း သိရသည်။

20250714 04

20250714 04

20250714 04

20250714 04

20250714 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.