slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇-ခုနှစ်၊ (၂၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇-ခုနှစ်၊ (၂၂)ကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ လယ်တီရပ်ကွက်၊ မဟာလယ်တီကျောင်းတိုက်၊ တိုက်အုပ်နာယက၊ မဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်သံဃာနာယကအဖွဲ့ အဖွဲ့ဝင်၊ ဘဒ္ဒန္တကေသဝ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါး သီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူ သော ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။

ဆက်လက်၍ ပင့်သံဃာ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဝတ်ရုံအထည်များ ဆက် ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်သံဃာနာယကအဖွဲ့ အဖွဲ့ဝင်၊ ဘဒ္ဒန္တဇောတိပါလာလင်္ကရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု “ သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပင့်သံဃာ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇-ခုနှစ်၊ (၂၂)ကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက် ၂၉၄ တိုက်၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာ ၂၃၀၅ ပါးနှင့် သီလရှင် ကျောင်း ၄၁ ကျောင်းတို့မှ သီလရှင်ဆရာကြီး ၁၀၉၆ ပါး၊ ယင်းမာပင်မြို့နယ် ရွှေတောင်ဦး တိပိဋကဓမ္မပါလမဟာဝီဟာရကျောင်းတိုက်မှ ရဟန်း ၃၂ ပါး၊ တောင်တန်းသာသနာပြု ဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသများမှ သာသနာပြုရ ဟန်း ၁၂၉ ပါး၊ သီလရှင် ၂၁ ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်းဖြစ်ရာ ယခုလှူဒါန်းမှု ဝါဆို သင်္ကန်းစုစုပေါင်း ၂၄၆၆ စုံနှင့် သီလရှင်ဝတ်စုံ ၁၁၁၇ စုံအား ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

20250710 01

20250710 01

20250710 01

20250710 01

စစ်ကိုင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအ‌ထောက်အကူပြုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်း၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်နှင့် မြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက် အကူပြုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၇)ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းခရိုင်နှင့် မြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စစ်ကိုင်းခရိုင်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ရေး၊ မဲပေးစက်များအား သယ်ယူပို့ဆောင်‌ရေးနှင့် စနစ်တကျ သိမ်းဆည်းထားရှိရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့‌နောက် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250708 11

20250708 11

20250708 11

20250708 11

20250708 11

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.