၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောင်းပေါင်းစုံ အမျိုးသား/အမျိုး သမီး ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ တက်ရောက်
မုံရွာ၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ တိုင်းဒေသကြီး အခြေခံပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ကျောင်းပေါင်းစုံ အမျိုး သား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်၊ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားစားကွင်းအတွင်း ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းတရား သူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/အခြေခံပညာ ကျောင်း များမှ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲအားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား ခရစ်ကတ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပညာရေးဒီဂရီကောလိပ်နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ ပြိုင်ပွဲတွင် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းကအမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ)အသင်းအား အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး တို့က ပညာရေးဒီဂရီကောလိပ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)နှင့် SEC ကိုယ်ပိုင်အထက်တန်းကျောင်း များအား ခရစ်ကတ်လေ့ကျင့်ရေး အားကစားပစ္စည်းများအား အသီးသီး ပေးအပ်ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသမီးခရစ် ကတ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၂)အခြေခံပ ညာအထက်တန်းကျောင်းအသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်းအား ငွေသား ဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်း (အလုံ) အသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းအား တစ်ဦးချင်းဆုတံ ဆိပ်၊ငွေသားဆုနှင့် ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုး သား ခရစ်ကတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မုံရွာပညာရေးဒီဂရီကောလိပ် အသင်း အား တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့် ဒိုင်းဆုအား လည်းကောင်း အသီးသီး ပေး အပ်ချီးမြှင့်ခဲ့ကြပြီး ဆုရအသင်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရ သည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) လေ့ကျင့်နေမှု များအားလိုက်လံကြည့်ရှု
မုံရွာ၊ ဇူလိူင် ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိူင်လ ၇ ရက်၊ နံနက်ပိုင်းတွင် အားကစား နှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အားကစားနှင့်ကာ ယပညာသိပ္ပံ(မုံရွာ) ရှိ သတ်မှတ်အားကစားရုံများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကရာ တေး၊ အလေးမနှင့် လက်ဝှေ့ အားကစားနည်းများ စုဖွဲ့လေ့ကျင့်နေမှုများအား လိုက် လံကြည့်ရှုခဲ့ကြပြီး သက်ဆိုင်ရာအားကစားနည်းပြများ သင်တန်းသား၊သင်တန်းသူ များနှင့် တွေ့ဆုံပြီး သင်တန်းသား၊ သင်တန်းသူများအနေ ဖြင့် မိမိတို့ လေ့ကျင့်နေကြ သည့် အားကစားနည်းများအလိုက် အစုအဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်း သော်လည်းကောင်း အာကစားနည်းများ ပညာသင်နှစ် တစ်နှစ်ထက်တစ်နှစ် တိုး တက်မြင့်မားလာအောင် အစွမ်းကုန်လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ အရည် အချင်းရှိပြီး အားကစားသမားများအနေဖြင့်လည်း ယခင်နှစ်များထက် စံချိန်တိုးတက် အောင် အစဉ်တစိုက် လေ့ကျင့်သွားကြရန်နှင့် ယှဉ်ပြိုင်သည့်ပြိုင်ပွဲများတွင် လည်း ထိုက်တန်သည့်ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ထူးချွန်အားကစား သမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိစားရိပ်သာ တွင် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ နည်းပြများ၊ သင်တန်း သား/သင်တန်းသူများနှင့်အတူ တကွ အထူးနေ့လယ်စာအား သုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းအုပ်ကြီးထံ ငွေကျပ် – ၁၀ သိန်းအား ပေး အပ်ခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



