slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု

မုံရွာ၊ ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ကောင်း မှုတော်စေတီတော်မြတ်ကြီး အာရုံခံတဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည် ပြုပြင်မွန်းမံဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကောင်းမှုတော်စေတီတော်မြတ်ကြီး အာရုံခံတဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင် မွမ်းမံဆောင်ရွက်နေမှုလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စေတီတော်ကြီး ပြုပြင်မွန်းမံနေမှုများနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးရှိ မေတ္တာရေကန် ပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အာရုံခံတဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံ ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အာရုံခံတဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင် မွန်းမံဆောင်ရွက်နေမှုလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စေတီတော်ကြီး ပြုပြင်မွန်းမံနေမှုများနှင့် ပုညရှင်သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တပ်မတော်သားများမှ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ “မဟာစေတီလှ” စေတီတော်မြတ်ကြီး အသစ်ပြန်လည် တည်ထားနေမှုနှင့် “မရှိခဏ” စေတီတော်မြတ်ကြီးများ ပြန်လည်ပြုပြင်မွန်းမံ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး “မရှိခဏ” စေတီတော်မြတ်ကြီးရှိ ရေဂါလံ ၆၀၀၀၀ ဆံ့ RC ရေကန် ပြန်လည်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် စစ်ကိုင်းမြို့၊ ဧရာတီမြစ်ကမ်းတစ်လျှောက်အား သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြို့နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက် လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ်နှင့် ၆ ခန်းတွဲ ၂ ထပ် အဆောက်အဦများ ပြန်လည်ပြင်ဆင်နေမှုများနှင့် တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝန်ထမ်း များနှင့်မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ခရိုင်စားသုံးသူရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦး စီးဌာန၊ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးဌာန၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက်အဦများနှင့် ဝန် ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250806 01

20250806 01

20250806 01

20250806 01

20250806 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်‌‌နေမှုလိုက်လံကြည့်ရှု

မုံရွာ၊ ဩဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တပ်မတော် အရာကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း(အလုံ) ကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ အဝတ်လျှော်/ပန်းကန်ဆေး ဆပ်ပြာရည်များ၊ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများ အား နံနက်စာ ကော်ဖီ၊ အကြော်နှင့် ကောက်ညှင်းပေါင်းများဖြင့် ဧည့်ခံကျွေး မွေးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၈၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ အကျယ်မြေ ဧက ၃၀ တွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ၊ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများအားလပ်ရက်များတွင် အပန်းဖြေအနားယူ နေနိုင်ရန်အတွက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် ပြည်သူ့ဥယျာဉ်တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ပြည်သူ့ဥယျာဉ် မျက်နှာစာတွင် ယာဉ်ရပ်နားရန်နေရာများဆောင်ရွက်နေမှု၊ ရင်ပြင်အတွင်း အုတ်စီရေမြောင်းများဆောင်ရွက်ပြီးစီးမှု၊ ရင်ပြင်ပတ်လမ်းများ ကတ္တရာလမ်းများခင်းကျင်းနေမှု၊ အရိပ်ရအပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးပြီးစီးမှုများနှင့်လျှပ်စစ်မီးတိုင်များ ဆောင် ရွက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံ ညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ဆောင်ရွက်သည့်လုပ်ငန်းများအပေါ် စေတနာထားကာ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250804 10

20250804 10

20250804 10

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.