၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ဧရာဝတီတံတား (ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ် ဆေးရေးအဖွဲ့ဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး
မုံရွာ၊ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံ အေးချမ်းစွာဖြင့် ခရီး သွားလာနိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေ သည့်လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီး သည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေး ကောက်ခံမှုများ မရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေး နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ ပြည်သူများနှင့်ထိတွေ့ရသည့် လုပ်ငန်းများအပေါ်တွင် နွေးထွေး ပျုငှာစွာဖြင့် ဝန်ထမ်းကောင်းစိတ်ဓါတ်ဖြင့် ပြောဆိုဆက်ဆံသွားကြရန် လိုအပ်ပါ ကြောင်းလိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ် တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန် ရှိသူများက မိမိတို့လုပ်ကိုင်ဆောင် ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေး နွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ဖြည့်စွက်ဆွေး နွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း မြို့ဝင် ဧရာဝတီတတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးကိစ္စရပ်ဆိုင်ရာ များနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင် ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင် ကားကြီးများနှင့် တွဲကားကြီးများဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက် ကတို့များဖြင့် သယ်ယူပို့ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကုန်စည်များ၊ စက်သုံးဆီများ၊ လူသုံးကုန် ပစ္စည်း များနှင့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး အတွက် ဇက်ကတို့ဖြင့် နေ့စဉ်မော်တော်ယာဉ်ကြီးများအား အစီးရေများစွာသည်ယူပို့ ဆောင်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများ နှင့်တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇူလိုင် ၄
စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၄ ရက်၊ နံနက် ပိုင်းတွင် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်၊ ဆင်များရှင်စေတီတော်ကြီးရှိ သာသနာ့ဗိမ္မာန် တော်အတွင်း ကျင်းပပြုလုပ်သည့် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများမှ ခရိုင်ဦးစီးမှူးများက စစ်ကိုင်းခရိုင် အတွင်း မိမိတို့ဌာနများအလိုက် လုပ်ငန်းများတာဝန်ယူဆောင်ရွက်နေသည့် လုံခြုံတည် ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်း ပန်းဆက်သွယ်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် စစ်ကိုင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြ သည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က စစ်ကိုင်းခရိုင်အဆင့် ဌာန ဆိုင်ရာများအနေဖြင့် မိမိဒေသအတွင်း လုံခြုံတည်ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေး လုပ် ငန်းများအား အလေးထား ဆောင်ရွက်သွားကြရန်နှင့် ပြည်သူများ စားရေရိက္ခာဖူလုံပြည့် ဝစေရေအတွက် ဌာနများအချင်းချင်း ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်ထား သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့များနှင့် ရပ်ကွက်/ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် စစ်ကိုင်းမြို့အား ယခင်ငလျင်မလှုပ်ခင်ကာလထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



