slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေါင်းဖန်းလက် တွန်းထွန်စက်များပေးအပ်၊ ယူရီးယားဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်း ဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မုံရွာ၊ ဇူလိူင် ၄

၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်းနှင့် နေကြာ) ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဒေါင်ဖန်းလက်တွန်းထွန်စက်ပေးအပ်ခြင်းနှင့် ယူရီးယား ဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်း ချပေးခြင်း အခမ်းအနားကို ဇူလိူင်လ ၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အား ကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြုလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခု ဖြစ် သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံ အပါ အဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက် ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုး ပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအား မြှင့် တင်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေဧရိယာ အသုံးချမှုတိုးတက်ရေး၊ တစ်ဧကထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်ရရှိရေး အတွက် ရည်မှန်းဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးနေသည့် သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ အလေးထားကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်းနှင့် နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် သွင်းအားစုများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် ပတ်သက်၍ အခြေအနေများအား လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း လယ်ယာမြေ သုံးစွဲစိုက်ပျိုးနေမှု အခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူးက ခရိုင်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများ အား လည်းကောင်း၊ စစ်ကိုင်းခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)မှ ခရိုင်ဦးစီးမှူးက ခရိုင်အတွင်း ဆည်တမံများမှ စိုက်ပျိုးရေးပေးဝေနေမှု အခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့် ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူးက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေအား လည်းကောင်း၊ စစ်ကိုင်းခရိုင် မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အသား/ဉမွေးမြူထားရှိမှုများနှင့် ကုသရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးက ခရိုင်အတွင်းရှိ ငါးမွေးကန်များတွင် ပြည်သူများငါးစားသုံးမှု ဖူလုံ ပြည့်ဝစေရအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနေမှုနှင့်ပေးအပ်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဉက္ကဌက စစ်ကိုင်းခရိုင်အတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်းနှင့် နေကြာ) စိုက် ပျိုးထားရှိမှုအခြအနေများအား လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေး မှူးနှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့က စစ်ကိုင်းမြို့နယ်အတွင်းရှိကျေးရွာ ၅ ရွာမှ ဒေသခံတောင်သူ ၅၀၀ ဦးအတွက် သွင်းအားစုယူရီယားဓာတ်မြေသြဇာ ၅၀၀ အိတ်အား သက်သာသောစေျးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦး စီးမှူးများထံ ဒေါင်ဖန်းလက်တွန်း ထွန်စက်အား အသီးသီး ပေးအပ်ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ အားကစား ကွင်းအတွင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံတောင်သူ ၅၀၀ ဦးအား နံနက်စာများ ဝေငှပေးနေမှုများနှင့် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီ များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ၊ လယ်ယာသုံးစက်မောင်းဆီများ ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250707 21

20250707 21

20250707 21

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ ဇူလိူင် ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီး များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၃ ရက် နေ့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းသို့ ရောက်ရှိရာ Modular House များဖြင့် အမျိုးသား/အမျိုးသမီးအိမ်ဆောင်များ တည်ဆောက်ထားရှိမှု၊ ဂျပန်-မြန်မာ အကြောပြင်ပညာ သင်ကြားပေးနေမှု၊ အခြေခံပညာသင်ကြားပေးနေမှုများနှင့် ကွန်ပျူတာပညာသင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ပြန်လည်ပြု ပြင်ထားရှိမှု၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားပေးနေမှုများနှင့် Modular House ဖြင့် ယာယီရုံးဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက် ၍လိုအပ်သည််များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မဈေးကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ရောက်ရှိရာ မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီ ယာမှူးက မြို့မ ဈေးကြီးအတွင်း အသစ်ပြန်လည် တည်ဆောက်မည့် အလျား – ၁၆၀ ပေ၊ အနံ – ၆၀ ပေ၊ အမြင့် – ၁၄ ပေ စေျးရုံ D ၊ အလျား – ၆၀ ပေ၊ အနံ – ၄၈ ပေ၊ အမြင့် – ၁၄ ပေ၊ အသား/ငါး ဈေးရုံနှင့် မြို့မ ဈေး ၃ ထပ်ရုံ ပြုပြင်တည်ဆောက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးရုံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေး၊ ဈေးကြီးပတ်ဝန်းကျင်နှင့် ဈေးကြီးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး တို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့မ ဈေးကြီးအတွင်းရှိ ၃ ထပ် ဈေးကြီးနှင့် အသား/ငါး ဈေးရုံအဆောက်အဦများ အသစ်ပြန်လည်တည်ဆောက်ရန်အတွက် ရှင်းလင်းဖယ်ရှားနေမှုများ ကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20250707 17

20250707 17

20250707 17

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.