၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ၂၀၂၅ ခုနှစ် (၂၂) ကြိမ်မြောက် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ
မုံရွာ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ၊ (၂၂ )ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ၊ တိုင်းဒေသကြီးအဆင့် ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်းသိရှိရသည်။
အစီအစဉ်အရ ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ၂၀၂၅ ခုနှစ် ၊ (၂၂ ) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း ၊ အခမ်းအနား အား ယခင်နှစ်များကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်စရာများလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း ကော်မတီအလိုက် ဆွေးနွေး ပေးကြစေလိုကြောင်း ၊ ဖိတ်ကြားပင့် ဆောင်ရမည့် ဆရာတော် သင်္ကန်း တော်များနှင့် သီလရှင်များ အပါအဝင် ဝါဆိုတော်မူကြမည့် သံဃာတော်များအား အဆင်ပြေချောမွေ့စွာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ အသီးသီးမှ မိမိတို့ကော်မတီ အလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ၊ လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီးနောက် တင်ပြဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တာဝန်ရှိသူများက ညှိနှိုင်း ဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ၂၀၂၅ ခုနှစ် ၊ (၂၂) ကြိမ်မြောက် ဝါဆိုသက်န်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၉ ရက်၊ ၁၃၈၇ ခုနှစ် ၊ ဝါဆိုလပြည့်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပြီး ယခုနှစ် ဝါဆိုကြမည့် သံဃာတော်၂၄၆၆ ပါး ၊ သီလရှင် ဆရာတော် ၁၁၁၇ ပါးတို့အား ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်
မုံရွာ၊ ဇူလိူင် ၂
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ် ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှ တစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး အတွက် ရည်ရွယ်၍ ဇူလိူင် ၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပညာ ရေးတက္ကသိုလ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-ခုနှစ်၊ မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများအနေဖြင့် သစ်တောဖုံး လွှမ်းမှုပြန်လည် တိုးတက် ကောင်းမွန်လာစေရေး၊ မိမိတို့ဒေသ၊ မိမိတို့ပတ်ဝန်းကျင်အား စိမ်း လန်းစိုပြေလှပရေးတို့အတွက် ယခုလိုမိုးရာသီ မြေဆီစိုခိုက်တွင် သစ်ပင်များစိုက်ပျိုးသွားကြရန် နှင့် စိုက်ပျိုးပြီဂပါကလည်း စိုက်ပျိုးသည့်သစ်ပင်များ ရာနှုန်းပြည့်ရှင်သန်စေရေးအတွက် သေပင် များထိုး ဖာထေးစိုက်ပျိုးခြင်း၊ ရေလောင်းပြုစုပေးခြင်း၊ ပေါင်းရှင်းမြေတောင် မြှောက်ပေးခြင်း၊ မြေဩဇာကျွေးခြင်း၊ မီးကာကွယ်ခြင်းစသည့် ပြစုထိန်းသိမ််းရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သစ်ပင်သစ်တောများသည် ရာသီပြောင်းလဲမှုလျော့ ကျစေခြင်း၊ ဂေဟစနစ်ညီညွတ်မျှတစေခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ဒေသ စိမ်းလန်းစိုပြေသာယာစေရေးစသည့် အကျိုးကျေးဇူးများ ရရှိစေသည့်အတွက် သစ်တောသစ်ပင် များ၏အရေးပါပုံအား သိမြင်နားလည်လက်ခံပြီး သစ်ပင်စိုက်ပျိုးခြင်းများအား စိတ်အားထက် သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်း ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဌထံ စိုက်ပျိုး မည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကြက်ခြေနီတပ် ဖွဲ့ထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက မီးသတ်တပ်ဖွဲ့ထံ စိုက်ပျိုးမည့်ပျိုးပင်များအား လည်းကောင်း အသီးသီး ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပိတောက်ပျိုးပင်အား လည်းကောင်း၊ တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက မဟော်ဂနီ ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ များမှ သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကစုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ စစ်ကိုင်းပညာရေးတက္ကသိုလ်အတွင်း ၂ ပေနှင့်အထက် ၂ နှစ်သား အရွယ်ရှိ သစ်မျိုး ၈ မျိုး၊ စုစုပေါင်းပျိုးပင် ၇၅၀ ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



