၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ အသစ်တည်ထား ပြန်လည်မွမ်းမံနေမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ ဇူလိူင် ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဇူလိူင်လ ၂ ရက်၊ နံနက်ပိုင်းတွင် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ “မဟာစေတီလှ” စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားနိုင်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် စေတီတော်မြတ်ကြီးအား ပြန်လည်ရှင်းလင်းဖယ်ရှားရာမှ တွေ့ရှိရသော ဌာပန ာထားသည့် ရှေးဟောင်းဗုဒ္ဓဆိုင်ရာ ဆင်းတုတော်များနှင့် ပစ္စည်းများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးကာ အဆိုပါ စေတီတော်ကြီးအနီးရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အာသောက မင်းတရား ကြီး တည်ဆောက်ခဲ့သည့် ရေကန်အား ကြည့်ရှုခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ “မရှိခဏ” စေတီတော်မြတ် ပြန် လည်တည်ထားနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရေဂါလံ ၆၀၀၀၀ ဆံ့ RC ရေကန် ပြန်လည်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရွှေမုဌောစေတီတော်နှင့် လေးကျွန်းမာရ်အောင်မြတ်စွာဘုရားများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများ အားလိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


စစ်ကိုင်းမြို့၊ မဟာစည်းခုံစေတီတော်မြတ်ကြီး သာသနာ့ဗိမာန်တော် ပြန်လည်ပြုပြင်၊ ငလျင်ဘေးသင့်ပြည်သူများ၊ ဝန်ထမ်းများ Modular House နှင့်ယာယီအဆောက်အဦများဖြင့် နေထိုင်လုပ်ကိုင်နေမှုများအား ဝန်ကြီးချုပ် လိုက်လံကြည့်ရှု
မုံရွာ၊ ဇူလိူင် ၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများသည် ဇူလိူင်လ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီး စေတီတော် မြတ်ကြီးဝန်းအတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအား ယာယီ Modular House များ ဖြင့်နေထိုင်နေမှုများ သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကြပြီး လိုအပ် သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဟာစည်းခုံ ကြီး သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရွှေစေတီဘာသန္တရသင် တန်းကျောင်းတိုက်ကြီး ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ အဆင့်မြှင့်တင်ခြင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မြို့တော်ခန်းမ အဆင့်မြှင့်တင်တည်ဆောက်နေမှု များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ် ကမ်းနားလမ်းရွေ့လျားသွားသည့်နေရာတွင် ကျောက်စာတိုင်ဖြင့် Land Mark ဖော်ပြချက်ဆိုင်းဘုတ်စိုက်ထူမည့် နေရာသို့သွားရောက် ကြည့်ရှုခဲ့ကြပြီး မြစ်ကမ်းနားတစ်လျှောက် အမြဲသန့်ရှင်းသာယာလှပရေးအတွက် တာဝန် ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ခရိုင်/မြို့နယ် လမ်းဦးစီးဌာနရုံး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာနှင့် မြို့နယ် တရားရုံး၊ ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်သစ်တောဦးစီးဌာန ရုံးများသွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦ များနှင့် ဝန်ထမ်းနေအိမ်များ ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြုပြင်နေမှုများနှင့် ဝန်ထမ်းများ အား Modular House နှင့် ယာယီအဆောက်အဦများဖြင့် နေထိုင်လုပ်ကိုင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံ ပြန် လည်ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



