slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

မုံရွာ၊ ဇွန် ၂၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်း သား၊ကျောင်းသူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင် ရေးအတွက် ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေး အသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ နှင့်ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြ သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ၊ ဟင်းသီးဟင်း ရွက်များ စေျးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြ သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၈၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

20250630 11

20250630 11

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်း အဝေး (၆/၂၀၂၅)တက်ရောက်

မုံရွာ၊ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅)ကို ဇွန်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဌာန ဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တိုင်းဒေသကြီးအတွင်း အကာင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ MSMEs လုပ်ငန်းများအား အောင်မြင်အောင် အလေးထား ပူးပေါင်းဆောင် ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ မိမိတို့တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မိမိတာဝန်ကျရာ ခရိုင်/မြို့နယ်များအား ယခင်ဖွံ့ဖြိုးမှုများထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ငန်းများအပေါ် စေတနာထားကာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်ရှိများအား ကိုယ်စွမ်းဉာဏ် စွမ်းရှိသ၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ မိမိတာဝန်အား မိမိကျေပွန်စွာဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မိမိတို့ဌာနများအလိုက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုး ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်အလိုက် မြို့နယ်များအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်း အခြေ အနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။

20250630 07

20250630 07

20250630 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.