slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်နှင့် ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၂၇

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီ ညွှတ်မျှတစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးအတွက် ရည်ရွယ်၍ ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းမှ ချင်းတွင်းမြစ်တာရိုး ချင်းတွင်းလမ်း အထိ စိန်ပန်းဝါလမ်းအရှည် – ၅၂၀၀ ပေရှိ လမ်းဘေးဝဲယာ၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော လိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က စိန်ပန်းကြီးပျိုးပင်အား လည်း ကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော်လိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများက သက်မှတ်နေရာများတွင် အရိပ်ရပျိုးပင်များအား တပျော်တပါး

စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက် ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တော်သို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်များနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန် ထမ်းများအား အရိပ်ရပျိုးပင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး နံနက်စာ လက်ဘက် ရည်နှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် စိန်ပန်းဝါလမ်းတစ်လျှောက် လမ်းဘေးဝဲယာ၌ ကျင်းပသော ၂၀၂၅-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်မျိုး ၈ မျိုး၊ စုစုပေါင်းပျိုးပင်ပေါင်း ၁၂၅၀ ပင်အား စိုက်ပျိုးပေးခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်တွင် ကျင်းပပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာမှ ညွှန်ကြားရေးမှူးက အရှေ့ဘက် ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများက အရှေ့ဘက်ကန်သာယာကန်အတွင်း ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ ၅ သောင်းအား ကန်အတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

20250630 01

20250630 01

20250630 01

20250630 01

20250630 01

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန နှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုအချိန်အခါသည် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအား ပိုမိုအလေးထား လုပ်ဆောင်ရမည့် အချိန်ကာလဖြစ်ပါကြောင်း၊ ငလျင်ဘေးနှင့်မီးဘေးမှအပ မုန်တိုင်းများဝင်ရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ကမ်းပြိုခြင်းစသည့် ဘေးများသည် မိုးတွင်းကာလတွင်အဖြစ်များသည့် သဘာဝဘေးများ ဖြစ်ပါကြောင်း၊ နှစ်စဉ်မိုးရာသီရောက်တိုင်း ချင်းတွင်းမြစ် ရိုးတစ်လျှောက်နှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြို့ရွာများမှ မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ရင်ဆိုင်ကျော်လွှားနိုင်သည့် အသိ ပညာဗဟုသုတများ သိရှိထားရန်လိုအပ်ပါကြောင်း၊ သရုပ်ပြသပွဲသို့ တက်ရောက်လာကြသူ များ အနေဖြင့်လည်း ယခုလိုသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းမှရရှိသည့် အတွေ့အကြုံဗဟုသုတ များအား လက်ဆင့်ကမ်းမျှဝေကာ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်မှုမှ လျော့နည်းသက်သာစေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး စက်လှေများဖြင့် ချီတက်အလေး ပြုကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ အရှေ့ဘက် ကန်သာယာကန်အတွင်း စက်လှေပေါ်မှ ပြုတ်ကျသူများအား ကယ်ဆယ်ခြင်း၊အဝေးထိန်းသက်ကယ် ဘောကွင်း Life Bouay အသုံးပြုကယ်ဆယ်ခြင်း၊ ရေငုတ်ဝတ်စုံ Dive Suit ဖြင့် ရေငုတ်ရှာဖွေခြင်း၊ ခရီးသည်တင်/ကုန်တင်စက်လှေ/သင်္ဘောများပေါ်တွင် ပါရှိသည့် ပစ္စည်းများအသုံးပြု၍ ရေနစ်သေဆုံးမှုများမှ ကာကွယ်ခြင်း၊ ရေပြင်မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ခြင်း၊ ရေဘေးဒုက္ခသည်များအား စက်လှေများဖြင့် သယ်ယူရွေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ချင်းကျင်းပြသထားသည့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရှာ‌ဖွေ ‌ကယ်ဆယ် ရေးသုံး ခေတ်မီစက်ကိရိယာများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေထိုးရွက်ဖျင်တဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစီမံခန့် ခွဲမှုလုပ်ငန်းကော်မတီ ပြခန်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ပြခန်း၊ ကနဦး စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ် ရေးလုပ်ငန်းကော်မတီ ပြခန်း၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ ပြခန်း၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း ကော်မတီ ပြခန်း၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ ပြခန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်လုပ်ငန်း ကော်မတီ ပြခန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ ပြခန်းများအား လိုက်လံကြည့် ရှုကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိိသူများက ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြသခြင်း အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တာဝန် ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

20250627 07

20250627 07

20250627 07

20250627 07

20250627 07

20250627 07

20250627 07

20250627 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.