slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနား တက် ရောက်

မုံရွာ၊ ဇွန် ၂၂

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာ အဖြစ်သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းကစစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်စုပေါင်းရုံးအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း သား၊သင်တန်းသူများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာအီလက်ထရောနစ်မဲ ပေးစက် MEVM အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကိန်းဂဏန်းလွဲမှားမှုများအား ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့်ရလဒ်များ ထုတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အငြင်းပွားဖွယ်ဖြစ်ရပ် များ မဲမသမာမှုများမရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် တရားမျှတပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူ များအနေဖြင့် MEVM မဲပေးစက်အား သေချာစွာလိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်း ကာရွေးကောက်ပွဲကြီး၌ မဲပေးစက်ကိုင်တွယ်ကြီးကြပ်မည့်သူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး များအား ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် ရှင်းရှင်းလင်းလင်းနှင့် ထိရောက်စွာ ပို့ချသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသ ကြီးတာဝန်ခံ)ဦးမြင့်သိန်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွား မည့်အခြေအနေများအား လည်း ကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက MEVM စက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။

20250623 28

20250623 28

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်အတွင်းရှိ ယာယီနေရပ် စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်/ဆီ ပေးအပ်

မုံရွာ၊ ဇွန် ၂၂

ဟုမ္မလင်းခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်/ဆီများ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီးဝန်းအတွင်းရှိ ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့် ခွွာ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုလိုထောက်ပံ့ပေးအပ်မှုသည် နေရပ်စွန့် ခွာပြည်သူများအတွက် လုံလောက်မှုမရှိသော်လည်း လတ်တလောစားဝတ်နေရေး အဆင် ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထာက်အကူဖြစ်စေပြီး နိုင်ငံသူ၊နိုင်ငံသားများ၏ဒုက္ခသည် နိုင်ငံတော်၏ဒုက္ခပင်ဖြစ်ခြင်းကြောင့် အားငယ်နေမည့်အစား အကြမ်းဖက် လုပ်ရပ်များအား ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက်ကြမှသာ ဒေသတည်ငြိမ်အေး ချမ်းပြီး မျိုးဆက်သစ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးမှအစ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်သူလူထုပူးပေါင်းအားဖြင့် ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်၊ဆီ ပေးအပ်ခြင်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူ ၅၈၅ ဦး အတွက် တစ်လစာထောက်ပံ့ငွေကျပ် – ၂၉၂၅၀၀၀ (နှစ်ဆယ့်ကိုးသိန်း နှစ်သောင်းငါး ထောင်ကျပ်)နှင့် ဆန်၊ဆီများအား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး၊ ဟုမ္မလင်းတပ်နယ်မှူး၊ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများထံ ဆန်/ဆီနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ် သည့် မိသားစုသုံးပစ္စည်းများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံဝန်ထမ်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဆေးရုံရှိဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့် ငွေနှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများအား တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့် စားသောက်ဖွယ်ရာများအား လိုက်လံပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိကမြို့မကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင် ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းမြစ် ရေကြီးမြင့်မှုကြောင့် ဟုမ္မလင်းမြို့ရှိ ကမ်းထိန်းနံရံများ ကြံ့ခိုင်မှုရှိစေရေးတို့အား သွား ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကမ်းနားလမ်းတစ်လျှောက်အား သန့်ရှင်းသာယာလှပရေးလုပ်ငန်း များဆောင်ရွက်ရန်နှင့် ကွန်ကရစ်လမ်းပြန်လည်ခင်းကျင်းရန် လိုအပ်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250623 22

20250623 22

20250623 22

20250623 22

20250623 22

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.