slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေမှုများ လိုက်လံကြည့်ရှု

မုံရွာ၊ ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူး များနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်း မြို့နယ်၊ ကက်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်း ဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများ၊ ကျောင်းသား၊ကျောင်းသူများ အဟာရဖြည့် အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များပြင်ဆင်ထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆို ပါကျောင်း၏ ကိုယ့်အားကိုယ်ကိုးဆောက်လုပ် လျက်ရှိိသည့် ၂ ထပ်ကျောင်းဆောင်နှင့် ကျောင်းတွင်းပတ်လမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို ပံ့ပိုးဖြည့်ဆည်း ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်း သား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာမေးပွဲကြီးကြပ်ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ဖြေဆိုပြီးအဖြေလွှာများအား စနစ်တကျသိမ်းဆည်းကာ သတ်မှတ်စာစစ်ဌာနများသို့ အချိန်မီရောက်ရှိရေးတို့အား မှာကြားကာ စာမေးပွဲဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် အဟာရဖြည့် အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များပြင်ဆင်ထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းဝန်း အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး နှင့် ကျောင်းဝန်းအတွင်းရှိလမ်းများ ကောင်းမွန်စေရေးတို့အား တာဝန်ရှိသူများအား မှာ ကြားကာ ကျောင်းသား/ကျောင်းသူများအတွက် အဟာရဖြည့်အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များ ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေ ဖြင့် စာစစ်ဌာန ၂၅ ခုတွင် စာရင်းရှိ ၈၂၀၅ ဦး၊ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၈၀၄၀ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၉၆ ဖြစ်ပြီး ဟုမ္မလင်းမြို့နယ်အနေဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၅၇၈ ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေ ဆိုသူ ကျောင်းသား၊ကျောင်းသူ ၂၃၆ ဦး၊ ကက်သာကျေးရွာ၊ အခြေခံပညာအထက်တန်းတွင်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၂၄၉ ဦး၊ မောင်းခမ်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၂၅၇ ဦး၊ ထမံသီကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်း သူ ၆၀ ဦး၊ စုစုပေါင်း ၁၃၈၀ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၉.၀၀ ဖြေဆိုလျက်ကြောင်း သိရသည်။

20250623 18

20250623 18

20250623 18

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)တည်ဆောက်ရေးလုပ်ငန်းများသွားရောက် ကြည့်ရှုစစ်ဆေး

မုံရွာ၊ ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏လူမှုစီးပွားဘဝ နှင့်နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ၏ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။

ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီး ဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ လက်ထောက်ညွှန်ကြားရေးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ပင်းမာကျေးရွာနှင့် ထမံသီ ကျေးရွာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတို့ရှိ တံတားကြီးတည်ဆောက်နေမှု လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တံတားကြီး၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ရှိ ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများအား လည်းကောင်း Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောက်လုပ်မှုကုန်ကျစရိတ် ပြောင်းလဲမှုမရှိစေရန်နှင့် အသုံးပြုမည့်ပြည်သူများ အချိန်စောစွာ အကျိုးခံစားရစေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင်ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိုးတွင်းကာလရောက်ပြီဖြစ်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ချင်းတွင်း မြစ်ရေကြီးမှုတို့ကြောင့် မလိုအပ်သည့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်မျှော်တွေးကာ လိုအပ်သည်များကို စီမံဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပြီး ရှင်းလင်းတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)တံတားကြီး ၉၂.၅% တည်ဆောက်ပြီးစီးမှု အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး တံတားအရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်လျက်ဖြစ်ကြောင်း သိရသည်။

20250623 14

20250623 14

20250623 14

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.