၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား တက်ရောက်
မုံရွာ၊ ဩဂုတ် ၁၂
၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ် ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အလံအား အလေးပြုကြပြီး ပညာရေးဒီဂရီကောလိပ်(မုံရွာ)မှ လူငယ်လေးများက “လူငယ့်စွမ်းရည်”တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်များသည် နိုင်ငံ တစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ အနာဂတ်ကြယ်ပွင့်ကလေးများ၏ ဖွံ့ဖြိုးတိုး တက်မှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ခြင်းကြောင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအား တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း များ၏ စုစည်းညီညွတ်မှုစွမ်းအားဖြင့် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သည့် ကိုယ်ကျင့်တရား ကောင်းမွန်သော၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် လူ့ကျင့်ဝတ် လူ့တန်ဖိုးအား အလေးထား၍ စိတ်ဓါတ်စည်းကမ်း ကောင်းမွန်သော လူကောင်းလူတော်များ မွေးထုတ် ပေးနိုင်မည်ဖြစ်ရာ ဘက်စုံထူးချွန်သည့် ယင်းလူငယ်များ၏ စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအား ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး သက်ရွယ်စုံညီပါဝင်သည့် လူမှုစီး ပွားဘဝ သာယာဖွံ့ဖြိုးတိုးတက်သော သဟဇာတဖြစ်သည့် အနာဂတ် လူ့ဘောင်အဖွဲ့ အစည်းအား ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးက ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ၂၀၂၅-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စက်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စကားရည်လုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူ များအား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ လူငယ်လေးများနှင့် “ရောင်ခြည်သစ်”မျက်မမြင်ကျောင်းမှ မသန်စွမ်းသူတစ်ဦးတို့က တေးသီချင်းများဖြင့် ကပြ သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကပြဖျော်ဖြေ ပေးခဲ့ကြသည့် လူငယ်လေးများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေ သကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက တေးသီချင်းသီဆိုဖျော်ဖြေပေးခဲ့သည့် မသန်စွမ်းသူ တစ်ဦးတို့နှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ မှ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲ တွင်ဆုရရှိခဲ့ကြသည့် အဖွဲ့ ၂ ဖွဲ့မှ ပြန်လည်တင်ဆက်မှုအား ကြည့်ရှုအားပေးကြပြီး လူငယ် လှုပ်ရှားမှု Video Clip အားကြည့်ရှုကာ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူငယ်များ ဗဟုသုတရရှိစေရန် အတွက် ခင်းကျင်းပြသထားသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြခန်း၊ မူးယစ်ဆေးဝါးအသိပညာပေး ပြခန်း၊ အားကစားနှင့်လူငယ်ရေးရာကဏ္ဍ ပြခန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြခန်းနှင့် မီးသတ်ဦးစီးဌာန ပြခန်း တို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသားတံခွန်စိုက်ဆုရအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ်စား ပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသားပိုက်ကျော်ခြင်းအသင်းမှ အားကစားသမား များနှင့် အသင်းအုပ်ချုပ်သူများအား ယခုလိုအောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့မှုများ အား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံးမှ ကျေးဇူးတင်ဝမ်းမြှောက်ပါကြောင်းနှင့် နောင်အားကစားပြိုင်ပွဲများတွင်လည်း အောင်မြင် မှုများရရှိအောင် ကြိုးပမ်းလေ့ကျင့် ယှဉ်ပြိုင်သွားကြစေလိုပါကြောင်း ဂုဏ်ပြုပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသက်(၂၃)နှစ်အောက် ပိုက်ကျော် ခြင်းအသင်းမှ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများက တံခွန်စိုက်ဒိုင်းဆုဖလား အား အပ်နှံကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသက်(၂၃)နှစ်အောက် ပိုက်ကျော် ခြင်းအသင်းမှ အားကစားသမားများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း – ၅၀ နှင့် အသင်းအုပ် ချုပ်သူနှင့်နည်းပြထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူးက ပြိုင်ပွဲဝင်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲတွင် ဆုရရှိခဲ့မှုနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြပြီး ဆုရအားကစားသမား များကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှု နှင့်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင်/ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဌများ တက်ရောက် ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခြေခံကောင်းများရှိပြီးဖြစ်ပါ၍ ယင်းအခြေခံကောင်းများအား မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို အသုံးချကာ စိုက်ပျိုးရေးထုတ် ကုန်များအား တိုးတက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကုန်ကြမ်းများရရှိရေးသည် အရေးကြီးသဖြင့် ဒေသ မှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများအားအခြေခံသည့် MSME လုပ်ငန်းများကို အောင်မြင် အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ MSME လုပ်ငန်းများ အား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်းစီးပွားရေး ခိုင်မာလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် အဓိကရည်ရွယ်ချက်များဖြင့် ယခု အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများ အနေဖြင့်လည်း မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ အား အောင်မြင်အောင် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေများ ထုတ်ချေးထားမှု အခြအနေများ၊ အတိုးငွေများပြန်လည်ရရှိမှု အခြေ အနေများနှင့် ချေးငွေများဖြင့် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ ခရိုင်များအလိုက် မြို့နယ်များအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှု အခြေအနေများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



