slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေး သင်္ချာဘာသာ ရပ် ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

မုံရွာ၊ ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူး များနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅-ခုနှစ်၊တက္ကသိုလ် ဝင်စာမေးပွဲ သင်္ချာဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူ ၄၉၆ ဦး စိတ် အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများနှင့် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာရေးကိရိယာများ အခက်အခဲမရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးထားမှုများအား သွား ရောက် ကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခုတွင် စာရင်းရှိ ၈၂၀၅ ဦး၊ သင်္ချာဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀၄၀ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၇.၉၉ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ်(၂)အခြေခံ ပညာနှင့်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း-အလုံတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၄၆၇ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

20250619 01

20250619 01

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၂၀၂၅ခုနှစ်၊ ကမ္ဘာ့သဲကန္တရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အနေ ဖြင့် သဲကန္တရဖြစ်ထွန်းမှုနှင့် ပူပြင်းခြောက်သွေ့မှုဆိုင်ရာ အသိပညာများ မြင့်မားလာစေရန်၊ သဲကန္တရဖြစ်ထွန်းမှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့် ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ခြင်းအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအား မြှင့်တင်ပြီး ပြင်းထန်သည့်မိုး ခေါင်ရေရှားမှု/သဲကန္တရဖြစ်ထွန်းမှုတို့အား ကြုံတွေ့နေရသည့် နိုင်ငံများအတွက် UNCCD မှဆောင်ရွက်နေသည့် သဲကန္တရတိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုအားကောင်းလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရှိ ခရိုင်/မြို့နယ်အလိုက် ဒေသခံလူထု ၏ ပူးပေါင်းပါဝင်မှုနှင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခြင်းအားဖြင့် စိမ်းလန်းစိုပြေပြီး ရာသီ ဥတုကောင်းမွန်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သောဒေသကြီး ဖြစ်ပေါ်လာစေရန်အတွက် အရှိန်အဟုန်မပြတ် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် UNCCD မှပေးပို့သည့် သဝဏ်လွှာ၊ UNCCD မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအကြောင်း အရာများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သဲကန္တရဖြစ်ထွန်းမှုနှင့် မိုး ခေါင်ရေရှားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာ Video Clip အား ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးနေသည့် စွမ်းအားမြှင့်မီးဖိုများနှင့် ဆုရစာစီစာကုံးများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20250618 04

20250618 04

20250618 04

20250618 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.