၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်း အဝေး အမှတ်စဉ်(၅/၂၀၂၅)တက်ရောက်
မုံရွာ၊ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၅)ကို ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်လာရန်အတွက် မရှိမဖြစ်လိုအပ်သည့် အသေးစား၊ အငယ်စား စီးပွားရေး MSMEs လုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူ Startups များအား ပံ့ပိုးကူညီပေး သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ အားဖိတ်ခေါ်ခြင်းနှင့်အတူ တာဝန်သိမှု၊ တာဝန်ခံမှု၊ အရည်အသွေးရှိသည့် ရင်းနှီးမြှပ်နှံမှု များမြှင့်တင်ခြင်းမှ မျှတပြီးကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးသွားရန်နှင့် ဟန်ချက်ညီမျှသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိလာစေရန် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ခွင့်ပြုပြီးမြေယာများအား အမှန်တကယ် မြေ ပြင်တွင် လုပ်ငန်းများလုပ်ကိုင်ခြင်းရှိမရှိ ကော်မတီအဖွဲ့ဝင်များမှ မြေပြင်အထိ ကွင်းဆင်း ကြီးကြပ် စီစစ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-ခုနှစ်၊ မေလအတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအခြေအနေများနှင့် Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများလိုက်လံကြည့်ရှုပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်
မုံရွာ၊ ဇွန် ၁၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်း သား၊ကျောင်း သူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင် ရေးအတွက် ယမန်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်း မွန်စေရေးတို့အတွက် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင် များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ၊ ဟင်းသီးဟင်းရွက်များ စေျးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုခဲ့ကြ သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည် ထောင်စုဈေး ကြီးအနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခု နှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က မယ်ဇယ်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် များမှ ကျောင်းသား၊ကျောင်းသူများက သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုး ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူ များအား ကော်ဖီနှင့်မုန့်များ ဝေငှပေးနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်း ကြီး မီးရထားသံလမ်းတစ်လျှောက် ဘိုးဘွားရိပ်သာအဝိုင်းမှ ကျွဲရဲအောင်မင်္ဂလာအဝိုင်းအထိ ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်မျိုး ၁၄ မျိုး၊ စုစုပေါင်းပျိုးပင် ၁၇၀၀ ပင်အား စိုက်ပျိုးသွား မည်ဖြစ်သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်ထောင်စုစေျးကြီး၌ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အမှိုက်များကိုစနစ်တကျစွန့်ပစ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်တွင် ပလပ်စတစ်ညစ်ညမ်းမှု လျော့ချပေးနိုင်ခြင်းအပြင် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ရေး အတွက် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း ပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသပွဲ သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း ပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသပွဲ ကျင်းပရ ခြင်းအကြောင်းအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုဈေးကြီးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များအား အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ် ပြသနေမှုများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေး အပ်ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



