၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့ နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
မုံရွာ၊ ဇွန် ၁၄
၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအား ကစားခန်းမတွင် ကျင်းပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် မိမိအသင်းအောင်နိုင်ရေးအတွက် ပြိုင်ပွဲစည်းမျဉ်း/စည်ကမ်း ဥပဒေဘောင် အတွင်းမှ ဇွဲစိတ်ဓါတ်အားအခြေခံပြီး အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ယောက်ဖြစ်အောင် မြင့်မားသည့် ရည်ရွယ်ချက်ထားပြီး အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားခဲ့ပြီး ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသဓိဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/ ဖအမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရေဦးမြို့နယ်အမျိုးသားအသင်းနှင့် ကျွန်းလှမြို့နယ်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြပြီး ရေဦးမြို့နယ်အသင်းမှ ကျွန်းလှမြို့နယ်အသင်းအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ ၁၄ ရက် မှဇွန်လ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း အမျိုးသား ၂၇ သင်း၊ အမျိုးသမီးအသင်း ၂၀ သင်း ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၃၀၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါပြည်သူ့ အားကစားကွင်း၌ ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား သွား ရောက်၍ အားပေးစကားပြောကြားပြီး အားကစားသမားများနှင့် နည်းပြများထံ လေ့ကျင့် ရေး အားကစားဝတ်စုံများနှင့် အဟာရဖြည့်ဓါတ်ဆားထုတ်များ ပေးအပ်ခဲ့ကြောင်း သိရ သည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နှမ်းနှင့်နေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နှမ်းနှင့်နေကြာ ပန်းတိုင်အထွက် နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် အဓိကသီးနှံ ၁၀ မျိုးအား ရည်မှန်းချက်ထားကာ ပန်းတိုင်အထွက်နှုန်းရရှိရေး တွန်းတွန်း တိုက်တိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ ဆီစားသုံးမှုဖူလုံပြည့်ဝစွာ စားသုံး နိုင်ရေးနှင့် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအဖြစ် အဓိကစိုက်ပျိုးလျက်ရှိသည့် နှမ်း နှင့်နေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်လည်း တာဝန်ရှိသူအားလုံးက အလေး ထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်း စားသုံးဆီဖူ လုံစေရန်အတွက် တိုင်းဒေသကြီးအတွင်း စပါးအခြေခံစိုက်ပျိုးသည့် သီးနှံပုံ စံများနှင့် အခြားသီးနှံအခြေခံစိုက်ပျိုးသည့် သီးနှံပုံစံများတွင် နှမ်းနှင့်နေကြာ သီးနှံများကို ထည့် သွင်းစိုက်ပျိုးခြင်းတို့ကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာန ဆိုင်ရာများ နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့များမှလည်း မြေပြင်အထိကွင်းဆင်းကာ ဒေသခံ တောင်သူများ နှင့်ရင်းရင်းနှှီးနှီးတွေ့ဆုံပြီး နှမ်းနှင့်နေကြာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ကိန်းဂဏန်းအမှန်ရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ညှိနှိုင်းပေါင်း စပ်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံ နှမ်းနှင့်နေကြာ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များတွင်စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ နှမ်းနှင့် နေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေ အနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဆီထွက် သီးနှံ နှမ်းနှင့်နေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



