slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၅) နှင့်(၃/၂၀၂၅)၊ အခြေခံတရုတ်စကားပြောသင်တန်း၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဆင်း ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၅) နှင့်(၃/၂၀၂၅)၊ အခြေခံတရုတ်စကားပြောသင်တန်း၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဆင်းပွဲအခမ်းအနား ကိုဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း Video Clip အား ကြည့်ရှု အားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊သင်တန်းသူ များဖြစ်ကြသည့် လူငယ်မောင်မယ်များအနေဖြင့် ဘဝတွင် အသိပညာ၊ အတက်ပညာနှစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ အသိပညာ၊ အတတ်ပညာများ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်မှသာ ဘဝအောင်မြင်မှု ပန်းတိုင်အား ဆွတ်ခူးနိုင်မည်ဖြစ်သည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများ အနာဂတ်ခေါင်းဆောင်များဖြစ် လာကြမည့် လူငယ်မောင်မယ် များအတွက် အကျိူးဖြစ်ထွန်းစေမည့် သင်တန်းများ၊ နည်းပညာ များ၊လှုပ်ရှားဆောင်ရွက်မှုများအား ဆန်းသစ်တီထွင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးဆန်းဝင်းက သင်တန်းများဖွင့်လှစ်ခဲ့မှုများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး အခြေခံဂျပန်စကားပြောသင်တန်းမှ သင်တန်းသား/သင်တန်းသူများက “ဂျပန်ဗျည်းအက္ခရာ Hiragana ” Soung ဖြင့် လည်းကောင်း၊ အခြေခံတရုတ်စကားပြောသင်တန်း သင်တန်းသား/ သင်တန်းသူများက “အတူတူကြိုးစားကြမယ်” Group Soung ဖြင့် လည်းကောင်း သရုပ်ပြဖျော် ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွန်ပျူတာသင်တန်း နည်းပြဆရာမထံ ဂုဏ် ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အခြေခံတရုတ်စကားပြော သင်တန်းနည်း ပြဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အခြေခံဂျပန်စကားပြောသင်တန်း နည်းပြဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေ နှင့်ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ် ၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅)နှင့်(၃/၂၀၂၅)၊ အခြေခံတရုတ် စကားပြောသင်တန်း၊ အခြေခံဂျပန်စကားပြောသင်တန်း သင်တန်းသား/သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များနှင့် သရုပ်ပြဖျော်ဖြေသွားခဲ့ကြသည့် သင်တန်းသား/သင်တန်းသူ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်း သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20250616 06

20250616 06

20250616 06

20250616 06

20250616 06

20250616 06

20250616 06

20250616 06

20250616 06

20250616 06

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ပညာ့ရိပ်သာအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၁၃

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ် ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှ တစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး အတွက် ရည်ရွယ်၍ ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ပညာ့ရိပ်သာအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မုံရွာ တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သစ်တောသစ်ပင်များသည် ရာသီဉတု ပြောင်းလဲမှု လျော့ချစေခြင်း၊ ဂေဟစနစ်ညီညွတ်မျှတစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုး ပေးနိုင်ခြင်း၊ လူမှုစီးပွားဘဝများအား ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဒေသစိမ်းလန်းစိုပြည်သာယာစေ ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည့်အတွက် သစ်တောသစ်ပင်များ ၏ အရေးပါပုံအား သိမြင်နားလည်လက်ခံပြီး သစ်ပင်စိုက်ပျိုးခြင်းများအား စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် စိုက်သမျှသစ်ပင်များရှင်သန်စေရေး တာဝန်ရှိသူအားလုံးမှ ပြုစုထိန်း သိမ်းပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ စိုက်ပျိုး မည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးမှ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဌထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများထံ စိုက်ပျိုး မည့်ပျိုးပင်များအား လည်းကောင်း အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပိတောက်ပျိုးပင်အား လည်းကောင်း၊ တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက တမာပျိုးပင် အားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကစုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါ မုံရွာတက္ကသိုလ် ပညာ့ရိပ်သာအတွင်း၌ ကျင်းပသော ၂၀၂၄-ခုနှစ်၊ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်မျိုး ၁၄ မျိုး၊ စုစု ပေါင်းပျိုးပင် ၁၀၀၀ ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

20250616 01

20250616 01

20250616 01

20250616 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.