slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်း နေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ညှိ နှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ ဇွန် ၁၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၂ ရက်၊ မွန်းလွဲပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာ ပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ ကျောင်းတက် ရာခိုင်နှုန်းတိုးတက်မြင့်မား အောင်တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးအား လုံခြုံအေးချမ်းတည်ငြိမ်စွာ ဖြင့်အောင်မြင်အောင် အစမှအဆုံးပြီးဆုံးသည်အထိ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများသို့ ကျောင်းသား၊ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းအပ်လက်ခံရရှိရေး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်း နေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင် ရွက် ထားရှိမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦး စီးဌာနမှူးနှင့် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီး အတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းများသို့ ကျောင်းအပ် လက်ခံရရှိ မှုအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင် များအတွင်းရှိမြို့နယ်များ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေ နှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ဆောင် ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20250613 06

20250613 06

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သူနာ ပြု-သားဖွားဒီပလိုမာ(၃၁)ကြိမ်မြောက် သင်တန်း သား/သူများ၏ ဂျူတီ ကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ(၃၁) ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ- သူနာ ပြုနှင့်သားဖွားသင်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများအားလုံး ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင် ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ စိတ်ဓါတ်ခံယူချက် မှန်ကန်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်များ ဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများ ဖြစ် အောင်ယခုအချိန်မှစပြီး စာတွေ့လက်တွေ့များအား စဉ်ဆက်မပြတ် ဆည်းပူးလေ့လာ သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများကြားတွင် လက်တွေ့ကျန်းမာရေးစောင့် ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ -နာ(၅)နာဖြင့် ပြုစုစောင့်ရှောက်မှုများပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အတန်း တင်စာမေးပွဲတွင် ပထမဆုရရှိကြသည့် ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု ဆုလက်မှတ်များအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲတွင် ဒုတိယဆုရရှိကြသော သင်တန်းသား/သူများ အားဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲတွင် တတိယဆုရရှိကြသော သင်တန်းသား/သူများအား ဂုဏ်ပြုချီး မြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကာ တိုင်းဒေသ ကြီး သယံဇာတရေးရာဝန်ကြီးက မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

ထို့နောက် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့်တာဝန်ရှိသူများက သူနာပြုသားဖွားဒီပလိုမာ(ပထမ)နှစ် သင်တန်းသား/သူများအား ဂျူတီကုတ်နှင့်ဦးဆောင်းများအပ်နှင်းကြပြီး သင်တန်းသား/သူများက သူနာပြုသစ္စာအဓိ ဌာန်ရွတ်ဆိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၏ တေးသီ ချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှု အားကြည့်ရှူအားပေးပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဂုဏ်ပြုချီး မြှင့်ငွေများပေးအပ်ကာ သင်တန်း သား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရ သည်။

20250613 01

20250613 01

20250613 01

20250613 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.