slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စက်ချုပ်နည်းပညာသင်တန်း(အ‌ခြေခံ) နှင့်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(အခြေခံ)ဖွင့်ပွဲ တက်ရောက်

မုံရွာ၊ ဇွန် ၉

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်း(အခြေခံ)နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (အခြေခံ) ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေ သကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre ၌ ကျင်းပ ပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ဖွင့်လှစ်မည့် စီမံကိန်း သင်တန်းများသည် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများနှင့် မတူညီဘဲ အခြေခံတစ်ကြိမ်နှင့် မွမ်းမံတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများမှ လုပ်ငန်းထူထောင်သူ များအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် တစ်ဦးချင်း၏ GDP တိုးတက်၍ လူမှုစီးပွားမြင့်မားလာပြီး သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး အထောက်အပံ့နှင့် ပြုစု ပျိုးထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အနာဂတ် နိုင်ငံတော်အတွက် ကောင်းမွန်သည့် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ကိုယ်ပိုင်လုပ်ငန်း ထူထောင်သူများအနေဖြင့် အထောက် အထားခိုင်မာသည့် ပိုင်ဆိုင်မှုရှိမည်ဆိုပါက အတိုးနှုန်း သက်သာသည့် ရင်းနှီးမတည်ငွေအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ ရယူနိုင်ပါကြောင်းနှင့် စီမံကိန်းလုပ်ငန်းအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ သင်တန်းသား/သူများ၊ စီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီဝင်များ၊ စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီဝင်များ အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စက်ချုပ်နည်းပညာသင်တန်း (အခြေခံ)နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(အခြေခံ)သို့ တက်ရောက်ကြ မည့် သင်တန်းသား/သင်တန်းသူများထံ သင်တန်းတွင်အသုံးပြုသွားမည့် သင်ထောက်ကူ ပစ္စည်းများအား ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

20250610 08

20250610 08

၂၀၂၅ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေ သံဃာ/သီလရှင်များအား ဝတ္ထုငွေနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်း

မုံရွာ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ‌ဇွန်လ ၉ ရက်နေ့က မုံရွာမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ၌ ဖြေဆိုကျင်းပလျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဓမ္မာစရိ ယနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်ကြီးအား သွားရောက်တွေ့ဆုံကာ စာမေးပွဲဆိုင်ရာများလျှောက်ထားပြီး တာဝန်ရှိသူများအတူ စာမေးပွဲကြီးကြပ်ဆရာတော် ကြီးများအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်းရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅-ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာဖြေသံဃာတော်၊ သီလရှင်များအား ဝတ္ထုငွေနှင့်အချိုရည်များ လက်ရောက်ဆက်ကပ်ခဲ့ကြောင်း သိရသည်။

20250610 05

20250610 05

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.