slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၉

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်း သား/သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)မှ သင်တန်း သား/သင်တန်းသူများ၏ အားကစားအရည်အချင်းတိုးတက်မှုသည် မိမိတို့တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးအား အထောက်အကူပြုစေနိုင်သည့်အပြင် လူငယ်မောင်မယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့် အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နေဖြင့် ဆက်လက်၍လိုအပ်သည်များ ပံ့ပိုးကူညီကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပညာသင်ကြားမှုကဏ္ဍအား တာဝန်ယူဆောင် ရွက်သွားကြမည့် ဆရာ/ဆရာမများအနေဖြင့်လည်း မိမိတို့ကျောင်းသား/ကျောင်းသူများ၏ ပညာရည်မြင့်မားရေးကိုသာမက ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုပါစေတနာထားပြီး အစွမ်းကုန်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ငွေကျပ်- ၃၀ သိန်းအားတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ အလှူရှင် ၄ ဦးက ငွေကျပ် – ၆၁ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ သင်တန်း သား/သင်တန်းသူများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများအား ကျောင်းအုပ်ကြီးထံ ပေး အပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) မှ ကျောင်းသား/ကျောင်းသူ များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသည့် အားကစားအထောက်အကူပြု လေ့ကျင့်ရေးပစ္စည်းများ၊ အားကစား လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

20250610 01

20250610 01

20250610 01

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၇

သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်း အနားကို ဇွန်လ ၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း-(အလုံ)ရှိ ကျောင်းခန်းမတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးအပ်ရခြင်းနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးထံ ခြင်စားငါး(ဒေါင်းငါး)များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီး ပညာရေးမှူးထံ ခြင်စားငါး (ဒေါင်းငါး)များအား လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ ခြင်စားငါး(ဒေါင်းငါး)များအား လည်းကောင်း အသီးသီး ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်းအနားတွင် ခြင်စားငါး(ဒေါင်းငါး)ကောင်ရေ ၁၀၀၀၀ အား ဖြန့်ဝေ ပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဂေါပကအဖွဲ့ ဥက္ကဌ၊ အဖွဲ့ ဝင်များနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူ‌ဇော်နိုင်ရေး ဂေါပကအဖွဲ့ဝင်များအနေဖြင့် စေတနာရှင်အလှူရှင်များအားဖိတ်ခေါ်၍ စေတီတော်ကြီးအားအမြန်ဆုံး ရွှေသင်္ကန်း ကပ် လှူပူဇော်နိုင်ရေးအတွက် အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း မကပ်လှူမီအချိန်တွင် လက်ရှိစေတီတော်ကြီး၏ ရွှေမိုက်များအား စနစ်တကျအလေအလွင့်မရှိ ကော်မတီဖွဲ့ကာ ပြန်လည်သိမ်းဆည်းသွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စေတီတော်ကြီး လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လှူဒါန်းပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဂေါပကအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး စေတီတော် ကြီးအတွင်းရှိ သမိုင်းဝင်ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းပြန်လည် ကပ်လှူပူဇော်ပြီးစီးမှုနှင့် သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက် စေတီတော်ကြီးတစ်ပတ် လှည့်လည်ကြည့်ရှုဖူး မျှော်ခဲ့ကြောင်း သိရသည်။

20250609 11

20250609 11

20250609 11

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.