slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၅ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းများနှင့် သား/သမီးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာသင်ကြားလျှက်ရှိသည့် မိသားစုဝင်များ၏ သားသမီးများသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ၊ သားကောင်းရတနာများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ်စေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးသွားကြရန် တာဝန်ရှိပြီး ပညာ ရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာ ဂတ်သည်လည်း တောက်ပြောင်လာမည် ဖြစ်ပါကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏သား/သမီးများအား အကောင်းဆုံးပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ ကျောင်းသား/သူများလည်း အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာကြစေရေးနှင့် နိုင်ငံ့အကျိုး၊ ဘာသာ၊သာသနာအကျိုးအား သယ်ပိုးထမ်းရွက်ပြီး ပညာတတ်လူတော်လူကောင်းများ ဖြစ်လာကြစေရေး ကြိုးစားအားထုတ် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား ၁ ဦးနှင့် အခြေခံပညာအထက်တန်းတက်ရောက်နေသော ကျောင်းသား ၁ ဦးထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးထံ ပညာသင်စရိတ်နှင့် ကျောင်း ဝတ်စုံများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က တက္ကသိုလ်တက်ရောက်နေ သော ကျောင်းသား ၁ ဦးနှင့် အခြေခံပညာအလယ်တန်း တက်ရောက်နေသော ကျောင်းသား ၁ ဦးစီတို့အား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၏ဇနီးက အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာအလယ်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦး တို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက အခြေခံပညာအထက် တန်း၊ အလယ်တန်း၊ မူလတန်းတက်ရောက်နေကြသော ကျောင်းသား/ကျောင်းသူများထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအတွက် ဆေးရည်စိမ်ခြင်ထောင်များအား ဝန်ထမ်းများထံ ပေးအပ်သည်။

ဆက်လက်၍ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းခံရသော ဝန်ထမ်းမိသားစုများကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်း သား/သမီး ၁၆၁ ဦးအတွက် ငွေကျပ်စုစုပေါင်း – ၁၄၅၅၇၅၀၀ (ကျပ် တစ်ရာလေးဆယ်ငါးသိန်း ငါးသောင်းခုနစ်ထောင်ငါးရာ တိတိ)ကျပ်နှင့် ဆေးရည်စိမ်ခြင်ထောင် အလုံး ၄၀၀ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20250606 31

20250606 31

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၅

၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ အဖွဲ့ ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် အားပေးဆောင်ရွက်လျက် ရှိသကဲ့သို့ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး တာဝန်ရှိသည့် လုပ်ငန်းလိုင်စင် ထုတ်ပေးသည့်ဌာနများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းသည် တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်လို့မရသည့် လုပ်ငန်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်း နေထိုင်သည့်သူတိုင်း ပြည်သူလူထုတစ်ဦးချင်း သာမက အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ဒါ့ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” (Ending Plastic Pollution Globally) နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ Video Clip တို့အား ကြည့်ရှုအားပေးကြပြီး ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများက “မုံရွာမြို့တော် စိမ်းလန်းစိုပြည်သာယာဖို့ စုပေါင်းဆောင်ရွက်ကြစို့”နှင့် “တာဝန်ကိုယ်စီ”တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံလုပ်ငန်း ဂုဏ်ပြုဆုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် တိုင်းဒေသကြီး ပတ်ဝန်းကျင်သိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံးဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေ သကြီး ဝန်ကြီးချုပ်၏ဇနီးမှ အခြေခံပညာအထက်တန်းအဆင့် သန့်ရှင်း၍စိမ်းလန်းစို ပြည်သောကျောင်း ပထမဆု၊ ဒုတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု၊ ဒုတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ဒုတိယ၊ တတိယဆုရရှိကြသူများ ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသူများ ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် မုံရွာတက္ကသိုလ် မှကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် ရေ၊ မြေ၊ လေ တိုင်းတာရေးစက်ကိရိယာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ၊ ဥပဒေစာအုပ် များနှင့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများနှင့် ဆုရစာစီစာကုံးများအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။

20250606 27

20250606 27

20250606 27

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.