slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) လေ့ကျင့်နေမှု များအားလိုက်လံကြည့်ရှု

မုံရွာ၊ ဇူလိူင် ၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိူင်လ ၇ ရက်၊ နံနက်ပိုင်းတွင် အားကစား နှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အားကစားနှင့်ကာ ယပညာသိပ္ပံ(မုံရွာ) ရှိ သတ်မှတ်အားကစားရုံများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကရာ တေး၊ အလေးမနှင့် လက်ဝှေ့ အားကစားနည်းများ စုဖွဲ့လေ့ကျင့်နေမှုများအား လိုက် လံကြည့်ရှုခဲ့ကြပြီး သက်ဆိုင်ရာအားကစားနည်းပြများ သင်တန်းသား၊သင်တန်းသူ များနှင့် တွေ့ဆုံပြီး သင်တန်းသား၊ သင်တန်းသူများအနေ ဖြင့် မိမိတို့ လေ့ကျင့်နေကြ သည့် အားကစားနည်းများအလိုက် အစုအဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်း သော်လည်းကောင်း အာကစားနည်းများ ပညာသင်နှစ် တစ်နှစ်ထက်တစ်နှစ် တိုး တက်မြင့်မားလာအောင် အစွမ်းကုန်လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ အရည် အချင်းရှိပြီး အားကစားသမားများအနေဖြင့်လည်း ယခင်နှစ်များထက် စံချိန်တိုးတက် အောင် အစဉ်တစိုက် လေ့ကျင့်သွားကြရန်နှင့် ယှဉ်ပြိုင်သည့်ပြိုင်ပွဲများတွင် လည်း ထိုက်တန်သည့်ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ထူးချွန်အားကစား သမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိစားရိပ်သာ တွင် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ နည်းပြများ၊ သင်တန်း သား/သင်တန်းသူများနှင့်အတူ တကွ အထူးနေ့လယ်စာအား သုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းအုပ်ကြီးထံ ငွေကျပ် – ၁၀ သိန်းအား ပေး အပ်ခဲ့ကြောင်း သိရသည်။

20250708 01

20250708 01

20250708 01

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

မုံရွာ၊ ဇူလိုင် ၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်းသား၊ကျောင်း သူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင် ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေး အသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်း သား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ၊ ဟင်းသီးဟင်း ရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်းသိရသည်။

20250707 41

20250707 41

20250707 41

20250707 41

20250707 41

20250707 41

20250707 41

20250707 41

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.