၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး စစ်ကိုင်းမြို့ လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံ
မုံရွာ၊ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူး ပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့ထွက် ကံတလူဂိတ် တို့ရှိလုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာဧည့်ခန်းမ၌ ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံ အေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက် နေသည့်လုပ်ငန်းများအပေါ် တာဝန် ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီး သည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေးကောက် ခံမှုများမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေးနှင့် လုပ်ငန်း များဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် နေထိုင်သွားလာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့ မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင် အခြေအနေများအပေါ် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား (ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ စုပေါင်းလုံခြုံရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်း မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုလိုက်လံကြည့်ရှု
မုံရွာ၊ ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအလယ်တန်း ကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းပေါ်ရွှင်စွာဖြင့် ပညာ သင်ကြားနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်းရှိ အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ထပ် ကျောင်းဆောင် ၃ ဆောင် အဆောက်အဦသစ်များ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် စစ်ကိုင်းမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူ များ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး အလျား -၁၂၀ ပေ၊ အနံ – ၃၀ ပေ ၁ ထပ်ကျောင်းဆောင် ၃ ဆောင် အဆောက်အဦသစ်များ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက် ၍လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းနှင့် ရွာထောင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း ဒီဇယ်ရှိ ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် ပညာသင်ကြားနေမှုအား ကြည့်ရှုခဲ့ကြပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်များ ပြန်လည်ပြင်ဆင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ရွာထောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းများခွဲသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ကျောင်းသူ များအေးချမ်းပျော်ရွှင်စွာဖြင့် စာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အဆိုပါ ကျောင်းဝန်းများအတွင်းရှိ ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



