slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စစ်ကိုင်းမြို့ပေါ်ရှိ MSMEs လုပ်ငန်းများ အား လိုက်လံကြည့်ရှုအားပေး

မုံရွာ၊ မေ ၃၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင် ရေးအတွက် မေလ ၃၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၄၀၀ ဦး ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ မဏ္ဍိုင်ဂျပ်စက္ကူစက်ရုံ၊ မဏ္ဍိုင်တစ်ရှူးစက္ကူစက်ရုံ၊ “နိုင်းစတား”ခေါက်ဆွဲစက်ရုံနှင့်ရေသန့်ရေခဲစက်ရုံများသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံများမှ စက်ရုံအတွင်း ကုန်ပစ္စည်းများထုတ်လုပ်နေမှု အဆင့်ဆင့်တို့အား လိုက်လံရှင်း လင်းပြသကြသည်။

ထို့နောက် တိုင်ဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများအား အရည်အသွေး ပြည့်မီစွာဖြင့် ပြည်သူများလက်ဝယ် ဈေး နှုန်းသင့်တင့်စွာဖြင့် ထုတ် လုပ်ရောင်းချသွားရေး၊ ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ စက်ရုံမှစွန့်ပစ်ပစ္စည်းများ အား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အားမှာကြာကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ “ထွန်းတောက်အောင်”ငွေထည်၊ကြေးထည်လုပ်ငန်းသို့ရောက်ရှိရာ လုပ်ငန်းရှင်မှ ငွေထည်၊ကြေးထည်အမျိုးမျိုး အရောင်တင်ခြင်း လုပ် ငန်းများဆောင်ရွက်နေမှု၊ ငွေထည်၊ကြေးထည် ပန်းအိုးအမျိုးမျိုးပြုလုပ်နေမှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ “ထွန်းတောက်အောင်”ငွေထည်၊ကြေးထည်အရောင်းဆိုင်အတွင်း ငွေထည်၊ကြေးထည် အမျိုးမျိုးပြုလုပ်ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့ သစ်ရပ်ကွက်ရှိ “မြသီတာ”ပဲမှုန့်ကြိတ်စက်ရုံလုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင်မှ ပဲမှုန့် စိမ်း၊ပဲမှုန့်ကြက် အမျိုးမျိုးထုတ်လုပ်ရောင်းချနေမှုများအား ရှင်းလင်းပြသရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250602 5
20250602 6
 
20250602 7
20250602 8
 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံ

မုံရွာ၊ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံပွဲကို မေလ ၃၀ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေး ကြီးကြပ်မှုအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်၏ မြေယာကိစ္စရပ်များအား လည်းကောင်း၊ ခရိုင်ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ လျှပ်စစ်မြစ်ရေတင်စနစ် ဖြင့်စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ စိုက်ပျိုးဧရိယာများသို့ ရေပေဝေနေမှု အခြေအမျေားအား လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များ မွေးမြူထားရှိမှုနှင့် အသား/ဉ ထုတ်လုပ်မှုအခြေအနေများအား လည်းကောင်း၊ ခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှ ငါးများမွေးမြူထားရှိမှုနှင့် ငါးသားပေါက်ထုတ်လုပ်မှု အခြေအနေများ အားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက ခရိုင်အတွင်း စိုက်ပျိုး၊မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းခရိုင်အတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသည့် သီးထပ်သီးနှံအားလုံးကိုပန်းတိုင်အထွက် နှုန်းပြည့်မီကျော်လွန်အောင် ဒေသခံတောင်သူများနှင့် ပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250602 3
20250602 4
 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.