slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမူ တော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် နာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံ ယူပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ မေ ၃၀

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမူတော်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့အောင် ပြုပြင်မွမ်းမံရန်အတွက် နာယက ဆရာတော်ကြီးများ ထံမှဩဝါဒခံယူခြင်း အခမ်းအနားကို မေလ ၃၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီ တော်ကြီးရှိ ဂေါပကအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဩဝါဒခံ ယူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇော တိက၊ သောဌသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့တက္ကသိုလ်များ၏ အဓိပတိ ကျေးဇူး တော်ရှင် သီတဂူဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ တော်မြတ်ကြီး ပြိုကျပျက်စီးမှုများအပေါ် ရှင်းလင်းပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များအား ဦးစွာလျှောက်ထားခဲ့ပြီး ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အင်ဂျင်နီယာများက ငလျင်ဒဏ်ကြောင့် စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးနှင့်ပြုပြင်ဆောင်ရွက်သွားမည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ တော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင် ရွက်မှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေ များကို ဖြည့်စွက်လျှောက်ထားခဲ့သည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် နိုင်ငံတော်အဆင့် ထေရ်ကြီး၊ဝါရ်ကြီး ဆရာတော်ကြီးများက ဩဝါဒကထာ မြွတ်ကြားကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံး ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ် ကြီး၊ တာဝန်ရှိသူများက ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမူတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်အား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

20250602 1
20250602 2
 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ တက်ရောက်

မုံရွာ၊ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ငလျင်ဘေး ဒဏ်သင့်ပြည်သူများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၉ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခရာရိပ်သာဧည့်ခန်းမတွင် ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၅-ခုနှစ်၊ မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၂ စက္ကန့်အချိန်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရုံးမှုများနှင့် ပျက်စီးဆုံးရုံးမှုများအတွက် စာနာနားလည်မှုများနှင့်တူ ထပ်တူ ခံစားချက် ဝမ်းနည်းခြင်း၊ အထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်ကာ ဦးညွတ်အလေးပြုခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မိမိတို့စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သေဆုံးသူ ၅၄၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၉၄၅ ဦး၊ လူနေအိမ် ၄၅၀၀ ကျော်၊ ဌာန ဆိုင်ရာရုံးအဆောက်အဦများနှင့် အင်းဝတံတားအပါအဝင် များစွာပျက်စီးဆုံးရှုံးခဲ့ရပါ ကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်နှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကူညီထောက်ပံ့ပေးအပ်မှုများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျလက် ဝယ်ရောက်ရှိအောင် စီမံကြီးကြပ်စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလှူရှင်များအနေဖြင့်လည်း ယခုလို ငလျင်ဘေးဒဏ်ထိခိုက်ခဲ့ရသည့် စစ်ကိုင်းမြို့အတွက် အလှူငွေ များပေးအပ်လှူဒါန်းခြင်းအတွက် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် စစ်ကိုင်းမြို့ရှိ ပြည်သူ များကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များထံ အလှူရှင် ၁၁၄ ဦးမှ အလှူငွေကျပ် စုစုပေါင်း ငွေကျပ် ၁၅၀၆၃၆၅၀၀၀ (သိန်းပေါင်း တစ်သောင်း ငါးထောင် ခြောက်ဆယ်သုံးသိန်း ခြောက်သောင်းငါးထောင်) ကျပ်အားအသီးသီး ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားမှု အဆင်ပြေစေရန်အတွက် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းရှိ အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ထပ်ကျောင်းဆောင် အဆောက်အဦ ၃ ဆောင် တည်ဆောက် နေမှု၊ မင်းလမ်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ထူပါရုံ၌ “ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း”မှဆောက်လုပ်လှူဒါန်းသည့် အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ထပ် ကျောင်းဆောင် ၁ ဆောင်နှင့် ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှိ အလျား – ၆၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ထပ် ကျောင်းဆောင် ၂ ဆောင် တည် ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှက်ကာလတွင် တည်ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် “သကျဓီတာ” သီလရှင်စာသင်တိုက်ကြီးအတွင်းရှိ အဆောက်အဦများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့အဝင်များက စက်ယန္တယားကြီးများဖြင့် ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများ အားကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

20250530 01

20250530 01

20250530 01

20250530 01

20250530 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.