slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းမြို့တွင် အခြေခံပညာ ကျောင်းများအတွက် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန် နာကျောင်းဆောင် (Prefabricated Schools)များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ မေ ၂၆

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများအတွက် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန် နာကျောင်းဆောင် (Prefabricated Schools)များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွပ်ရှိ ဒီဇယ် အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ အာဆီယံ The AHA Centre ၏ အမှုဆောင်ညွှန်ကြား ရေးမှူး Mr Lee Yam Ming နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ငလျင်ဘေးကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အချန်မီ လည်ပတ်နိုင်ရေး၊ မိုးမကျမီ မိုးအကာ အောက်ရောက်ရှိနိုင်ရေး၊ ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ကျောင်းများအနက် အထကခွဲ ရန်နိုင်၊ အထကခွဲ ရွာထောင်၊ အလကခွဲ ဒီဇယ်၊ အလကခွဲ ပါရမီနှင့် အလကခွဲ ဇေယျာ စသည့် စာသင်ကျောင်း ၅ ကျောင်းအတွက် အာဆီယံ The AHA Centre မှ ယာယီကျောင်းဆောင်များအား ကိုယ်တိုင်လာရောက်လှူဒါန်းပေးမှုအပေါ် နိုင်ငံတော် ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အာဆီယံ The AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr Lee Yam Ming မှ ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools)များ ထောက်ပံ့ပေး အပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံကွန်တိန်နာကျောင်းဆောင် (Prefabricated Schools)များ လွှဲပြောင်းပေးအပ်ပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လေးဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် အလျား- ၁၂၀ ပေ၊ အနံ- ၃၀ ပေ၊ ၂ ဆောင်၊ အလျား- ၉၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ဆောင်နှင့် အလျား -၆၀ ပေ၊ အနံ – ၃၀ ပေ၊ ၂ ဆောင် ကွန်တိန်နာကျောင်းဆောင် ၅ ဆောင်အား ထောက်ပံ့လှူဒါန်း ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၂၀၂၅- ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် စစ်ကိုင်းမြို့ပေါ်ရှိ ကျောင်းသား/ ကျောင်းသူများအား စစ်ကိုင်းပညာရေးတက္ကသိုလ်အတွင်းရှိ သတ်မှတ်စာသင်ဆောင်များ တွင်စခန်းသွင်း သင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စခန်းသွင်းသင်ကြား နေစဉ်ကာလအတွင်း ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ အုပ်ချုပ်၊ ထောက်ပံ့ရေး၊ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးများ ကောင်း မွန်စေရန်တို့အတွက် တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ငလျင် ဘေးဒဏ်ကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများအား ယာယီနေအိမ်အဆောက်အဦများ တည်ဆောက် ပေးထားမှုများအား သွားရောက်ကြည့်ရှုကာ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးနုတ် ဆက်အားပေးခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်း ယာယီကျောင်းဆောင်အဆောက် အဦများတည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ငလျင်ဘေးဒဏ်ကြောင့် အဆောက်အဉီများ ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ အသီး သီးမှဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန်အတွက် ကွန်တိန်နာလူနေအိမ် အဆောက်အဦ များတည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး တည်ဆောက်ပြီးစီးနေသည့် ကွန်တိန်နာလူနေအိမ်များအား အမှန်တကယ်လိုအပ်သည့် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများအား စနစ်တကျခွဲဝေချထားပေးရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရွှေဟင်္သာတိုက်သစ် ဘုန်းတော်ကြီးကျောင်းတိုက်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများအား တပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ ပြန်လည် ရှင်းလင်းပေးနေမှုများအား လည်းကောင်း၊ အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်ဘေး လမ်းအား မြေသားမြှင့်တင်နေမှုနှင့် လမ်းချဲ့နေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

20250527 01

20250527 01

20250527 01

20250527 01

20250527 01

20250527 01

20250527 01

20250527 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ် သယ်ယူရေး ညှိနှိုင်း အစည်းအဝေးတက်ရောက်

မုံရွာ၊ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြု လုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်၊ ကလေး၊ ခန္တီးမြို့နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင် တာဝန်ရှိသူ များ တက်ရောက်ကြသည်၊၊

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးမှာ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများ အနေဖြင့်လျာထားချက်အပြည့်အဝထုတ်လုပ်ရေး၊ တူးဖော်ပြီးကျောက်မီးသွေးများ မြစ်ရေတက်ချိန် တွင် သယ်ယူနိုင်ရေး စီမံဆောင်ရွက်သွားရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ် ချက်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိုးတွင်းကာလချင်းတွင်းမြစ်ရေ လမ်းကြောင်းကောင်းမွန်ချိန်အတွင်း အဓိကထား သယ်ယူပို့ဆောင်သွားရန်ဖြစ်ကြောင်း၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ မြစ်ရေတက်ချိန် မှာ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေကြောင်း၊ ယခင်နှစ်တွင် ရေကြီးရေလျှံမှု ကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း တူးဖော်ထုတ်လုပ်ပြီး ကျောက်မီးသွေးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် ကြိုးပမ်းသယ်ဆောင်တာကို တွေ့ရကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်မှုဖြင့် ကျောက်မီးသွေးထုတ်လုပ်မှု၊ သယ်ယူမှုကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ရေကြောင်းခရီးလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ များနှင့်ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်ခြင်းဖြင့် ကုမ္ပဏီအကျိုး၊ ဒေသခံပြည်သူနှင့် နိုင်ငံတော်အတွက် အကျိုး စီးပွားဖြစ် ထွန်းမည်ဖြစ်ကြောင်း၊ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများပုံမှန် လည်ပတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊ ထုတ်လုပ်မှု လျာထားချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြ ရန်၊ ကုမ္ပဏီများအနေဖြင့်လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မိမိတို့လိုအပ်ချက်၊ မိမိတို့ အခက်အခဲများကို ပွင့်ပွင့် လင်းလင်းတင်ပြဆွေးနွေးရန် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးထုတ်လုပ်မှုအခြေအနေမှာ လျာထား ချက်အပေါ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ၁၁၈.၅၄%၊ ၂၀၂၁-၂၀၂၂ (မီနီ) ဘဏ္ဍာရေးနှစ်တွင် ၅၀.၁၈%၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၅၉.၅၈%၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၁၇၄.၅၈%၊ ပြီးခဲ့တဲ့၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၁၃၁.၃၀ % အကောင်အထည် ဖော်ဆောင် ရွက်နိုင်ပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှုလျာထားချက်ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်သွား ရန်လိုကြောင်းနှင့် ကုမ္ပဏီများမှလည်း ထုတ်လုပ်မှုလျာထား ချက်ပြည့်မီအောင် ကြိုးပမ်းဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ထုတ်လုပ်ပြီး ကျောက်မီးသွေးများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး ဈေးကွက်သို့ အမြန်တင်ပို့ရန် လိုအပ်ကြောင်း၊ ချင်းတွင်းမြစ်ရေ ကြောင်းကောင်းမွန်သည့်အချိန်တွင် ထုတ်လုပ်ပြီး ကျောက်မီးသွေးများကို ဈေးကွက်သို့ တင်ပို့နိုင်ရေး ယခုအချိန်ကတည်းပင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တူးဖော်ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဂေဟစနစ်ဖြည့်တင်းရေးအတွက် မိုးရာသီကာလတွင် စီမံချက်ချ မှတ်၍ ကြီးမြန်သစ်ပင်များ မဖြစ်မနေပြန်လည်စိုက်ပျိုးဆောင်ရွက်ရန် တိုက်တွန်းပြောကြား ခဲ့သည်။

ဆက်လက်၍ အမှတ်(၁)သတ္ထုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကျောက်မီးသွေး တူးဖော် လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေးနှင့် သက်ဆိုင် သည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြပြီးနောက် တက်ရောက်လာကြသော တိုင်းဒေသကြီး အတွင်းရှိ မော်လိုက်၊ကလေး၊ခန္တီး မြို့နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင် တာဝန်ရှိသူများ၏ လုပ်ငန်း ကဏ္ဍအလိုက် လိုအပ်ချက် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ကျောက်မီးသွေး တူးဖော် လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေးလုပ်ဆောင်မှု များနှင့် စပ်လျဉ်းပြီး အသေးစိတ် ဖြည့်စွက်အကြံပြုဆွေးနွေးမှုများနှင့် တက်ရောက်လာကြသူများ ၏ အထွေထွေဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

20250526 16

20250526 16

20250526 16

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.