slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ မေ ၂၄

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ သလ္လာရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက် ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေ လာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်း သားမိဘများနှင့် ကျောင်းသား/သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေ သူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ၊ တန်ဖိုးသင့်စား သောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ အားကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများနှင့်အတူ နံနက်စာ များအား စုပေါင်းစားသုံးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် (၁၀) မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား (၁၂၀၀) ကျော်ဖြင့် ကျောင်းများဉပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

20250526 10

20250526 10

20250526 10

20250526 10

20250526 10

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အငြိမ်းစားဝန်ထမ်းများ အား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

မုံရွာ၊ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်း ခန်းမတွင် စစ်ကိုင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုးကျင်းပသော တိုင်းဒေသကြီး အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန် များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသော အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးပေးနေမှုတို့နှင့် နှလုံး၊ ဆီးချို၊ သွေးချို ဝေဒနာရှင်များအား လိုအပ်သောဆေးဝါးများ အခမဲ့ ဆောင်ရွက်ပေးနေမှုတို့ အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ တိုင်းဒေသကြီး အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်အဖြစ် ကြက်ဥများကို အသီးသီး လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားအပြီးအတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ အငြိမ်းစား ဝန်ထမ်းများအတွက် ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ရက်(၉၀)ရှယ် ဆန်တို့အား သက်မှတ်အခြေခံဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးနေမှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် မုံရွာခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားသုံးဆီများ လက်လီရောင်းချပေး နေမှု၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တန်ဖိုးသင့် ဟင်းသီးဟင်း ရွက်များ ရောင်ချပေးနေမှုနှင့် မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တန်းဖိုးသင့် ဆန်၊ဆီ၊ဆား၊ကြက်သွန် စားသောက်ကုန်ဈေးကားတို့ဖြင့် လက်ဝယ်အရောက် ရောင်းချပေး နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယနေ့ပြုလုပ်သော အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း (၆၄၅)ဦးကို ကြက်ဥအလုံးပေါင်း (၆၄၅၀)ကို အခမဲ့ပေးအပ်နိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက် မှု များကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်းနှင့် လစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရ သည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၅) သို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် က တိုင်းဒေသကြီးအတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နယ်မြေလုံခြုံရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တို့တွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြစေကြောင်းနှင့် ယမန်နှစ်များထက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးကြရန် တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကများ က မိမိတို့နှင့် သက်ဆိုင် ရာကဏ္ဍများအလိုက် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေး တင်ပြကြပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ ဖြည့်စွက် အကြံပြုဆွေးနွေးမှုများ အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

20250526 01

20250526 01

20250526 01

20250526 01

20250526 01

20250526 01

20250526 01

20250526 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.