slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲ နှင့်၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတက်ရောက်

မုံရွာ၊ မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ၍ မုံရွာမြို့ ကန်သာယာကန် အနီး ဗိုလ်ချုပ်လမ်းပေါ်၌ ပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲ သို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်အား ဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအဖွဲ့တို့မှ အလေးပြုကြိုဆိုကြပြီးနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက် ပိုစတာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လေးဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သောစစ်ကိုင်းတိုင်းဒေသကြီး ၂ဝ၂၅-၂ဝ၂၆ ပညာသင် နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။

ဦးစွာ မုံရွာမြို့ အ.ထ.က(၂) ကျောင်းသား၊ကျောင်း သူ လေးများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး အတွက် အခြေခံပညာကျောင်းများမဖွင့်မီ မေလ (၂၂) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းအပ်နှံရေးကို အားပေးလှုံဆော်လျက်ရှိပါကြောင်း။ ကျောင်းတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူအားလုံးကိုလည်း နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်အနေနဲ့ ပညာရေး ဆိုင်ရာသင်ကြားရေးထောက်ပံ့ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများကို ကျောင်းများသို့ ဖြန့်ဝေထုတ်ပေးခြင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ(၁)ဦးလျှင် ကျောင်းသုံးပြဌာန်း ပုံနှိပ် စာအုပ်(၁)စုံ၊ဗလာစာအုပ်(၁) ဒါဇင်၊ ခဲတံ (၄) ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁)ဦးလျှင် ကျောင်းသုံးပြဌာန်း ပုံနှိပ်စာအုပ်(၁)စုံ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ဘောလ်ပင် (၂)ချောင်း၊ ခဲတံ(၂)ချောင်းတို့ကို အခမဲ့ထောက်ပံ့ပေးမှာ ဖြစ်တဲ့အပြင် အခမဲ့ပညာသင်ကြားခွင့်လည်းရရှိကြမှာ ဖြစ်ပါကြောင်း၊ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူမှု အခွင့်အလမ်း များရရှိစေရန်နှင့် ကျောင်းဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ချက်များနှင့်အညီ ပညာသင်စရိတ်များရရှိနိုင်ရေးအတွက် ပညာရေးစေတနာရှင်များ၊ မိဘပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေကြောင်း။

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပြီး ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲ၍ ပညာရေးကို စဉ်ဆက်မပြတ်ဆက်လက်သင်ယူနိုင်ရန် အားလုံးက ဝိုင်းဝန်းပြီး ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ပြီး ပညာရည် မြင့်မားလာစေရန်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပညာရေးကိုစိတ်ဝင်စားပြီး ပါဝင် ပတ်သက်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သော “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့်အတိုင်း ကျောင်းနေ အရွယ် ကလေးများအားလုံး အချိန်မီကျောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျောင်းသားကျောင်းသူလေးများ၏ “ကျောင်းသွားကြမယ်” ၊ “တို့ကျောင်းတော်” စသည့်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု တို့အား ကြည့်ရှုအားပေးခဲ့ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်တန်းအဆင့်ကျောင်းသုံးပုံနှိပ်နှင့် ဗလာစာအုပ်များကို လည်းကောင်း၊ အလယ်တန်းဆင့် ကျောင်းသုံးပုံနှိပ်နှင့် ဗလာ စာအုပ်များ အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က လည်းကောင်း၊ ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က ကျောင်းသားကျောင်းသူများ လက်ဝယ်ထံ သို့ အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အခမ်းအနားတွင် သီဆိုဖျော်ဖြေ ခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သုံးသိန်းကို ပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အဆိုပါအမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်း ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

20250523 08

20250523 08

20250523 08

20250523 08

20250523 08

20250523 08

20250523 08

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

စစ်ကိုင်း၊ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက မေလ (၂၁)ရက်၊ ညနေပိုင်း တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် ရှင်ပင်နံကိုင်းစေတီနှင့် ပတ္တမြားစေတီတို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်ဖွဲ့ဝင်များက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့တွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ အား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250523 01

20250523 01

20250523 01

20250523 01

20250523 01

20250523 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.