၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
စစ်ကိုင်း၊ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက မေလ (၂၁)ရက်၊ နံနက်ပိုင်း တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် ယာယီကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများသည် ဆင်များရှင်စေတီတော်၊ ဆုတောင်းပြည့်လေးမျက်နှာစေတီတော်၊ ဆွမ်းဦး ပုညရှင်စေတီတော်၊ ရတနာရွှေဂူရေကြည်တိုက်၊ ရွှေဟင်္သာတိုက်သစ်၊ အမှတ်(၃) အခြေခံပညာ အထက်ကျောင်းနှင့် စစ်ကိုင်းမြို့တွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦး များအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်ဖွဲ့ဝင်များအား အချိုရည်ဘူးများနှင့် ရေသန့်ဘူးများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများသည် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ထူပါရုံ)တွင် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။











စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့အတွင်းရှိ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ
မုံရွာ၊ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၇ ရက်၊ နံနက်ပိုင်း တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသပြု(ဗဟို)ဘုန်း တော်ကြီးကျောင်းသို့ရောက်ရှိရာ ဆရာတော်ကြီးထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် လဟယ်မြို့ရှိ Tabitha နာဂရိုးရာ ရက်ကန်းအထည်ဆိုင်နှင့် MEMORY နာဂရိုးရာအထည်ဆိုင် အိတ်ချုပ်လုပ်ငန်းများသို့ ရောက်ရှိရာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအား လိုက်လံရှင်းလင်းပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် မိုးဒန်းအပန်းဖြေအလှကန် ဆောင်ရွက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေကန်နှင့် ကန်ပတ်ဝန်းကျင်အား အမြဲသန့် ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေကန်အတွင်းစီးဝင်သည့် စိမ့်စမ်းရေထွက် နေရာပတ်ဝန်းကျင်ရှိ သစ်တောများအား ထိန်းသိမ်း ထားရေးတို့အား တာဝန်ရှိသူများကို မှာကြားကာ လဟယ်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းအတွင်း၌ ရွေ့ပြောင်း တောင်ယာဟောင်းများတွင် စိုက်ပျိုးရန် ကော်ဖီမျိုးစေ့ ၁ သိန်း စိုက်ပျိုးထားမှုအား သွား ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများက ဒေသဆိုင်ရာအချက်အလက်များနှင့် မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက မိမိတို့ဌာနများအလိုက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွား ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် မြို့မိမြို့ဖများက လဟယ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသအဆင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးထံ ငွေကျပ် – ၁၀ သိန်းနှင့် နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွက် ငွေကျပ်- ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက လဟယ်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၁၀ သိန်း၊ နန်းယွန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၁၀ သိန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ထံငွေကျပ် -၁၀ သိန်းအား လည်းကောင်း အသီးသီး ပေးအပ်ကြသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က နိုင်ငံတော်နှင့် မိမိတို့တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များ နှင့်မြို့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလေး ထားဆောင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နာဂဒေသအတွင်း မှီတင်းနေထိုင်ကြ သည့်ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး လူနေမှုဘဝအဆင့်အတန်းများမြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအနေ ဖြင့်လည်း မိမိဒေသအတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိမြို့အား အမြဲသန့်ရှင်းသပ်ရပ်စေရေး အတွက် အမှိုက်များစနစ်တကျစွန့်ပစ်သွားကြရန် တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း မှာကြားကာ မြို့မိ မြို့ဖများ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



